6/20/2017

“Display အောက်မှာ Fingerprint Sensor မြှုပ်နှံထားနိုင်တဲ့ ပထမဆုံး ဖုန်းထုတ်လုပ်သူ ဖြစ်လာမယ့် Vivo”

Image may contain: text

Samsung , Apple နဲ့ စမတ်ဖုန်း ကုမ္ပဏီများဟာ ဒီနှစ်ထဲမှာ Fingerprint Sensor ကို မျက်နှာပြင်အောက်မှာ မြှုပ်နှံထားတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချမယ်လို့ လများစွာ အကြာ ကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာခင်က မိတ်ဆက်ခဲ့တဲ့ Galaxy S8 Phone များမှာ ဒီလို တပ်ဆင်ထားနိုင်ခြင်း မရှိတဲ့အတွက် နောက်ထုတ်မယ့် Note 8 မှာ ပါလာမယ်လို့ ခန့်မှန်းနေကြပါတယ်။ Apple ကလည်း ဒီနှစ်ထဲမှာ မိတ်ဆက်မယ့် ၁၀ နှစ်ပြည့် အထူးထုတ် iPhone 8 သို့မဟုတ် iPhone X မှာ ဒီလို ပြုလုပ်ပေးမယ်လို့ သတင်းများ ပေါက်ကြားနေပါတယ်။

ဒါပေမယ့် တရုတ်မှ လာတဲ့ သတင်းသာ မှန်မယ်ဆိုရင် Vivo ဟာ Samsung နဲ့ Apple တို့ကို နောက်ကောက်ချနိုင်တော့မှာပါ။ Vivo ဟာ လက်ဗွေရာ အာရုံခံ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှုပ်နှံထားတဲ့ နမူနာ ဖုန်းကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီလို့ သိရပါတယ်။ ဗီဒီယို တစ်ခုကနေ Screenshot ဖမ်းထားတဲ့ ဓါတ်ပုံမှာ ဖုန်းရဲ့ မျက်နှာပြင်မှာ လက်ဗွေရာ အာရုံခံဖို့ နေရာကို ညွှန်ပြထားတာကို တွေ့ရပါတယ်။

တရုတ်မှ စမတ်ဖုန်း ကျွမ်းကျင်သူ တစ်ဦးက Vivo က ဇွန်လ ၂၈ ရက် နေ့မှာ အဲဒီဖုန်းကို မိတ်ဆက်မှာ ဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာကို မျက်နှာပြင်အောက်မှာ အောင်မြင်စွာ မြှုပ်နှံနိုင်တဲ့ ပထမဆုံး ဖုန်းဖြစ်လာ မယ်လို့ ပြောပါတယ်။ 





Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com