6/18/2017

♪ အိုင်ဖုန်း ကို အနီးကပ်ဆုံး စိန်ခေါ်သူ ဖြစ်လာခဲ့တဲ့ HTC U11 ♫


ဓါး နဲ့ ခြစ်ပြီး စမ်းသပ်ပြခဲ့တဲ့ HTC U11 ဟာ အိုင်ဖုန်းကို အနီးကပ်ဆုံး စိန်ခေါ်သူ ဖြစ်လာခဲ့တဲ့အတွက် စက်တင်ဘာ မှာ မြင်ရမယ့် Mobile Battle ဟာ အတော်လေး ကို ကြည့်လို့ ကောင်းသွားပြီ ဖြစ်ပါတယ်။

စက်တင်ဘာအတွင်းမှာ ထွက်ဖို့ ရှိနေတဲ့ iPhone မျီုးဆက်သစ်အတွက် စိန်ခေါ်သူတွေအနေနဲ့ ရှိနေနှင့်သူတွေက HTCU11, Samsung S8+ Samsung Note8 (August ထွက်မည် ဟု ခန့်မှန်း) Nokia9 (Sept ထွက်မည်ဟု ခန့်မှန်း) တို့ က အဆင်သင့်ရှိနေပြီး Class B ဖြစ်ပေမယ့် Hi-end ဖြစ်လာတဲ့ brand တွေ အများအပြားကလည်း တင်ကြိုစောင့်ဆိုင်းလို့ နေပါတယ်။

ဒီကနေ့ အိန္ဒိယ မှာ RS-51990 နဲ့ ပရီအော်ဒါ နဲ့ စတင်ရောင်းချလိုက်တဲ့ HTC U11 ဟာ Snapdragon 835 Chipset , 4GB RAM, 64GB Storage ထည့်သွင်းထားပြီး ၅.၅ လက်မ QHD Super LCD 5 Display ကို Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာ 12MP UltraPixel Camera တပ်ဆင်ထားပြီး OIS နည်းပညာပါပါတယ်။ ကင်မရာက 4K Video , Slow Motion Video များကို ရိုက်ပေးနိုင်ပါတယ်။

အရှေ့ဘက် ကင်မရာက 16MP ပါ။ Full HD Video များရိုက်ပေးနိုင်ပါတယ်။ Selfie Panorama Mode က Group Selfie များကို ရိုက်ပေးနိုင်ပါတယ်။ Qualcomm Quick Charge 3.0 ပါတဲ့ 3000mAh Battery ပါပါတယ်။ Android 7.1 ကို HTC Sense နဲ့ ပေါင်းစပ်ထားပါတယ်။ IP67 စံနှုန်း ရှိပြီး ရေစိုခံပါတယ်။ အိန္ဒိယ ရူပီး 51990 ဟာ အမေရိကန် ဒေါ်လာ ၈၀၀ ကျော်လောက် ရှိတဲ့အတွက် မြန်မာငွေ နဲ့ တွက်ချက်မယ် ဆိုရင် ၁၀ သိန်း ကျော်လောက် ရှိသွားမယ် လို့ ယူဆရပါတယ်။


HTCU11
HTCU11




 
Credit to ==>> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com