6/10/2017

♪ " Samsung S8 နဲ့ စွမ်းဆောင်ရည်တူညီတဲ့ OnePlus 5 စမတ်ဖုန်းမိတ်ဆက်ပွဲကို ဇွန် (20) တွင် ကျင်းပမည် " ♫

Image may contain: phone and text

OnePlus ကုမ္ပဏီအနေနဲ့ OnePlus 5 စမတ်ဖုန်းမိတ်ဆက်ပွဲကို ဇွန်လ (20) ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားဖွယ်ရှိပြီး ဒီစမတ်ဖုန်းက Samsung Galaxy S8 မှာအသုံးပြုထားတဲ့ processor ကိုပဲ သုံးထားတာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း iPhone 7 plus နဲ့ဆင်တူပြီး အရင်ထွက်ရှိခဲ့တဲ့ စမတ်ဖုန်း မိတ်ဆက်ပွဲတွေအတိုး ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ဒေသစံတော်ချိန် နေ့လည် 12 နာရီကနေစပြီး ပြသပေးသွားမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာပြုလုပ်မယ့် မိတ်ဆက်ပွဲနေ့ကတော့ ဇွန်လ (22) ရက်နေ့ပါ။ US ၊ ပြင်သစ်၊ အမ်စတာဒမ်၊ ဘာလင်နဲ့ ကိုပင်ဟေဂင်တို့မှာလည်း Pop-up မိတ်ဆက်ပွဲလေးတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အတည်မပြုရသေးတဲ့ အချက်အလက်တွေအရ OnePlus 5 စမတ်ဖုန်းမှာ dual ကင်မရာအသုံးပြုလာမှာဖြစ်ပေမယ့် 23 MP နဲ့ ရှေ့ကင်မရာ 16 MP လို့ပဲ ကြားထားတာကြောင့် ဘယ်လိုပုံစံနဲ့ ပါဝင်လာမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 5.5 လက်မ မျက်နှာပြင်နဲ့ Android Nogut 7.1 အခြေခံ Oxygen OS ၊ 2.35 GHz Octa-Core Snapdragon 835 SoC couple ၊ RAM 8 GB storage က 64 GB နဲ့ 128 GB ပါရှိနိုင်တယ်လို့ သိရပါတယ်။ Finger print ပါဝင်မှာဖြစ်ပြီး ကင်မရာပိုင်းအတွက် DxO နဲ့ ပါတနာပြုလုပ်ထားလို့ အလင်းရောင်အားနည်းတဲ့ အနေအထားမှာတောင် ရုပ်ထွက်ကောင်းမွန်စေမှာပါ။ ဘက်ထရီက 4000 mAh ၊ nano sim နှစ်ကတ်သုံးဖြစ်ပြီး 1440×2560 pixels ထောက်ပံ့ပေးထားပါတယ်။ 

အမည်း၊ အနီ၊ ရွှေရောင်နဲ့ unicorn လို့ အမည်ပေးထားတဲ့ အစိမ်း၊ အပြာ၊ ခရမ်း သုံးရောင်စပ်ဆိုပြီး အရောင်လေးမျိုး ထွက်ရှိလာနိုင်ပါတယ်။ တရုတ်အယူအဆအရ ကံဆိုးစေတဲ့ နံပါတ် 4 ကို ကျော်လွန်ထွက်ရှိ လာတဲ့ OnePlus 5 စမတ်ဖုန်းကို အမေရိကန်ဒေါ်လာ 449 ကနေ စတင်ရောင်းချသွားမယ်လို့ ခန့်မှန်း ထားကြပါတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com