6/18/2017

♪ တက္ကသိုလ်ဝင်တန်း နှင့် IGCSE အောင်မြင်ပြီးသူများကို ဂုဏ်ပြုငွေချီးမြှင့်မည် ♫


STUDY ABROAD Information Centre ကတစ်ဆင့် ကျောင်းလျှောက်ထားတဲ့ ၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေနဲ့ IGCSE ဖြေဆိုအောင်မြင်ထားသူတွေ ကို ဂုဏ်ပြုငွေ ကန်ဒေါ်လာ ၃၀၀ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။


ဂုဏ်ပြုငွေချီးမြှင့်ပွဲကို ဇွန်လ ၂၄ ရက် ၊ နံနက် ၁၀ နာရီမှနေ့လယ် ၁၂ နာရီအထိ STUDY ABROAD Information Centre မှာ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ပွဲချိန်အတွင်းလာရောက်လျှောက်ထားသူတွေ ကို ကန်ဒေါ်လာ ၃၀၀ ကို ဂုဏ်ပြု ချီးမြှင့် ပေးသွားမှာ ဖြစ်ပါတယ်။ဂုဏ်ပြုပွဲမှာ စင်ကာပူနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးကဏ္ဍမှာ ပါဝင်လျက်ရှိသော တက္ကသိုလ်တွေရဲ့ တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေ၊ ကျောင်းဖွင့် ချိန်တွေ ၊ ဝင်ခွင့်ရရှိစေရန် လိုအ ပ်တဲ့ သတင်းအချက်အလက်တွေ ၊ ကျောင်းလခတွေ ကိုလည်း ထည့်သွင်း ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။IGCSE ဖြေဆိုထားသူ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ Second Language English (Grade B ) ရရှိပါကလည်း IELTS ကင်းလွတ်ခွင့်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။


ပွဲတက်ရောက်လိုသူတွေ အနေနဲ့ STUDY ABROAD Information Centre တိုက် (ဘီ)၊ (၁၅) လွှာ၊ အခန်းအမှတ် (၁၅၀၂)၊ ဒိုင်းမွန်းကွန်ဒို၊ ပြည်လမ်း (မေတ္တာဦး ဆေးခန်းအနီး)၊ ကမာရွတ်မြို့နယ်၊ ဖုန်း – ၀၉ ၅၁၅၁ ၀၀၈၊ ၀၉ ၇၃ ၂၄၂၄ ၀၄ သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်မှာဖြစ်ပါတယ်။



-သန္တာ

Credit to ==>> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com