6/18/2017

♪ Galaxy J5 Pro နှင့် J7 Pro စမတ်ဖုန်းမော်ဒယ်သစ်များကို ပြည်တွင်း ၌စတင်မိတ်ဆက် ♫


Samsung ကနေ ၎င်းတို့ရဲ့ ရောင်းအားအကောင်းဆုံးစီးရီးတစ်ခုဖြစ်တဲ့ J စီးရီးရဲ့ စမတ်ဖုန်းမော်ဒယ်သစ်နှစ်မျိုး ဖြစ်တဲ့ Galaxy J5 Pro နဲ့ J7 Pro စမတ်ဖုန်းတွေကို ပြည်တွင်းမှာ ယနေ့ မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းတွေမှာ အသစ်ထပ်မံတိုးမြှင့်ထားတဲ့ လက်ဗွေလုံခြုံရေးစနစ်နဲ့ J7 Pro မှာဆိုရင် Samsung ရဲ့ ထိပ်တန်းစမတ်ဖုန်းတွေမှာပါဝင်တဲ့ Always-on-display လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ နောက်ပြီး ဆိုရှယ်မီဒီယာအကောင့်နဲ့ Chat app တွေကို အကောင့်နှစ်ခုခွဲသုံးနိုင်တဲ့ Dual Messenger လုပ်ဆောင်ချက်အသစ်ကိုလည်း ဒီဖုန်းမှာ Built-in အနေနဲ့ ထည့်သွင်းပေးထားပါတယ်။



Galaxy J5 Pro နဲ့ Galaxy J7 Pro မော်ဒယ်တွေက 1.6GHz Octa-core Processor, 13 megapixel (f/1.9) အရည်အသွေးရှေ့ကင်မရာနဲ့ f/1.7 နောက်ကင်မရာ၊ 4G LTE Cat.6 ထောက်ပံ့ပါဝင်မှု၊ RAM 3GB နဲ့ အချက်အလက် သိုလှောင်နိုင်မှု 32GB ရှိပြီး Android OS 7.0 (Nougat) ကိုအသုံးပြုထားပါတယ်။ သတ္တုကိုယ်ထည်နဲ့ဖန်တီးထားတဲ့ J7 Pro က ၅.၅ လက်မအရွယ်အစားဖြစ်ပြီး J5 Pro ကတော့ ၅.၂ လက်အရွယ်အစား ဖြစ်ပါတယ်။ J7 Pro ကို အမည်းရောင်၊ ရွှေရောင်၊ ပန်းရောင်နဲ့ ငွေပြာရောင်ဆိုပြီး အရောင်လေးမျိုးရွေးချယ်နိုင်မှာဖြစ်ပြီး တန်ဖိုး ၄၂၅,ဝဝဝ ကျပ်ဖြစ်ပါတယ်။ J5 Pro ကိုတော့ ၅၉ဝ,ဝဝဝ ကျပ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



-ရဲထွဋ်ဝင်း

Credit to ==>> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com