6/03/2017

♪ " ထူးခြားတဲ့လုပ်ဆောင်ချက်တွေနဲ့ Xiaomi MIUI 9 ဇူလိုင်လအတွင်း ထွက်ရှိမည် " ♫

Image may contain: phone and screen

Xiaomi ရဲ့ android UI သစ် MIUI 9 က ဇူလိုင်လအတွင်း ထွက်ရှိလာမယ်လို့ သတင်းပေါက်ကြားခဲ့ပါတယ်။ Xiaomi ကနေ သူ့ရဲ့ Developer တွေဆီကိုပေးပို့တဲ့ အီးမေးလ်ကနေတဆင့် ပေါက်ကြားခဲ့တာဖြစ်ပြီး ထူးခြားတဲ့လုပ်ဆောင်ချက်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။

MIUI 9 နဲ့ တွဲပြီးထွက်ရှိလာမယ့် စမတ်ဖုန်းကိုတော့ မသိရှိရသေးပါဘူး။ MIUI 9 ထွက်ရှိလာချိန်မှာ Mi 6 ၊ Mi 5 C ၊ Mi MIX ၊ Mi Note 2 ၊ Redmi Note 4X ၊ Redmi Note 4 ၊ Mi 4 C ၊ Mi 4 S ၊ Mi 5 ၊ Mi 5 S ၊ Mi 5 S plus နဲ့ Mi pad 3 တို့မှာ အသုံးပြုနိုင်လာမယ်လို့ သိရပါတယ်။

MIUI 8 မှာတုန်းက split-screen mode ပါဝင်မယ်ဆိုတဲ့ သတင်းထွက်ခဲ့သလိုပဲ MIUI 9 မှာ picture-in-picture Function ၊ screen recorder လိုလုပ်ဆောင်ချက်သစ်တွေ ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။ အရင်လူသုံး နည်းတဲ့ SMS schedule လို Function တွေကို ဖယ်ရှားလိုက်တာကြောင့် MIUI 9 အသုံးပြုလိုက်တာနဲ့ calendar လိုမျိုး app တွေကို ဖုန်းထဲကနေဖယ်ရှားဖို့ လိုအပ်ပါလိမ့်မယ်။

ဇူလိုင်လမှာ MIUI 9 မိတ်ဆက်ပြီးရင်တော့ သြဂုတ်လအတွင်း MIUI 9 တစ်ပါတည်းပါဝင်တဲ့ device တစ်ခုကိုလည်း Xiaomi ရဲ့ ထုံးစံအတိုင်းမိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။




သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com