6/03/2017

♪ " ၂၀၁၆ ခုနှစ်အတွင်းလူဦးရေ (၉၀၀၀၀) ကျော်ကို အလုပ်အကိုင် ရှာဖွေရရှိနိုင်စေခဲ့သည့် work.com.mm " ♫

Image may contain: text

Work.com.mm သည် ၂၀၁၆ခုနှစ် တစ်နှစ်လုံးအတွင်း ပြည်တွင်းမှ အလုပ်အကိုင်ရှာဖွေနေကြသူလူဦးရေ (၉၀၀၀၀) သောင်းကျော်ကို ဝက်ဘ်ဆိုက်မှတစ်ဆင့် အလုပ်အကိုင်ရှာဖွေရရှိနိုင်စေခဲ့ကြောင်း သိရှိရသည်။ “ work.com.mm ဟာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို သယ်ဆောင်လာဖို့ လွန်ခဲ့တဲ့ ငါးနှစ်တာကာလဖြစ်တဲ့ ၂၀၁၂ ခုနှစ်ကတည်းကစတင် လည်ပတ်ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့နိုင်ငံတွေကတော့ လွန်ခဲ့တဲ့ ၂နှစ်တာကာလအတွင်းကမှ စတင်လည်ပတ်နိုင်တာဖြစ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ work.com.mm ရဲ့ သက်တမ်းလောက် မကြာမြင့်သေးပါဘူး။ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ အလုပ်ရှာနေသူတွေအပြင် အလုပ်အကိုင်ပေးနိုင်မယ့် ကုမ္ပဏီ လုပ်ငန်းတွေကို ကျွန်တော်တို့ အစဉ်အမြဲအလေးထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံကလူဦးရေကိုးသောင်းကျော်ကို ကျွန်တော်တို့ အလုပ်ရှာဖွေ ပေးနိုင်ခဲ့ပါပြီ။” ဟု work.com.mm မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Work.com.mm အနေနှင့် ပြည်တွင်းတွင် ကုမ္ပဏီလုပ်ငန်းပေါင်း ၁၇၀၀ ကျော်နှင့် လက်တွဲချိတ်ဆက်ထားပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂သောင်းကျော်ကို နေ့စဉ်ရှာဖွေဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိတွင် work.com.mm မှရရှိသိမ်းဆည်းထားသော အချက်အလက်များအရ work.com.mm မှတစ်ဆင့် အလုပ်ရှာဖွေ လျှောက်ထားသူအရေအတွက်မှာ ၃၀၀,၀၀၀ (သုံးသိန်း) နီးပါး ရှိလာပြီဖြစ်သည်။ အဆိုပါ အလုပ်ရှာဖွေနေသူလူဦးရေသုံးသိန်းအနက် နှစ်သိန်းနီးပါးမှာအရည်အချင်းပြည့်ဝသည့် ကိုယ်ရေးအကျဉ်း ရာဇဝင် (Qualified CV)များ ဖြည့်စွက်၍ လျှောက်ထားကြသူများဖြစ်ပြီး ကျန်ရှိနေသည့် CV များကိုလည်းအရည်အချင်းပြည့်မှီသည့် အနေအထားရရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။


ထို့အပြင် Wok.com.mm၏ ပင်မလုပ်ငန်းစုဖြစ်သည့် Everjobsကုမ္ပဏီမှ ထုတ်ပြန်သော နှစ်ပတ်လည် အစီအရင်ခံစာတွင်မူ work.com.mm အပါအဝင် ကမ္ဗောဒီးယား၊သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ လုပ်ငန်းများကိုပူးပေါင်းလိုက်ပါက ၂၀၁၆ ခုနှစ်အတွင်းလူဦးရေပေါင်း ၁သိန်း၂သောင်းကို အလုပ်ရှာဖွေပေးနိုင်ခဲ့ကြောင်းအစီရင်ခံ တင်ပြပေးထားခဲ့သည်။ ၄င်းလူဦးရေ တစ်သိန်းနှစ်သောင်းကျော် တွင် မြန်မာနိုင်ငံမှ ၈၀ ရာခိုင်နှုန်းပါဝင်ပြီးအခြားသောနိုင်ငံများထက် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေပေးနိုင်ခဲ့မှု အများဆုံးလည်း ဖြစ်ခဲ့ကြောင်းသိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com