6/03/2017

♪ " 4000 mAh ဘက်ထရီနဲ့ ကျပ် 2 သိန်းဝန်းကျင် Panasonic Eluga 13 Mega " ♫

Image may contain: phone

Panasonic ကုမ္ပဏီအနေနဲ့ 4000 mAh ဘက်ထရီအသုံးပြုထားတဲ့ကျပ် 2 သိန်းတန် Eluga 13 Mega စမတ်ဖုန်းကို ထပ်မံမိတ်ဆက်လိုက်ပါ တယ်။ Eluga 13 Mega ကို အိန္ဒိယမှာရောင်းချမှာဖြစ်ပြီး မကြာသေးခင်ကပဲ Eluga Ray နဲ့ P 85 စမတ်ဖုန်းတွေ ရောင်းချခဲ့ပါသေးတယ်။

ရူပီး 11490 (မြန်မာငွေကျပ် 2 သိန်းဝန်းကျင်) ရှိတဲ့ ဒီစမတ်ဖုန်းကို ရွှေရောင်နဲ့ ငွေရောင်ဆိုပြီး ရရှိနိုင်မှာဖြစ်ပါတယ်။ သတ္ထုကိုယ်ထည်နဲ့ပြုလုပ်ထားတဲ့ ဒီစမတ်ဖုန်းမှာ 5.5 လက်မ မျက်နှာပြင် နဲ့ HD resolution ၊ 1.3 GHz Quad-core processor ၊ RAM 3G ၊ 128 GB အထိတိုးချဲ့နိုင်မယ့် ROM 16 GB တို့ပါဝင်ပါတယ်။


Home button ကိုမတွေ့ရဘဲ မြှုပ်ထားတယ်လို့ ယူဆရပါတယ်။ Fingerprint scanner ကိုလည်း မြင်တွေ့ရခြင်း မရှိပါဘူး။ Android 6.0 Marshmallow နဲ့ ထွက်ရှိလာမှာဖြစ်ပြီး ရောင်းချချိန်မှာတော့ Android Nogut အဆင့်မြှင့်ပြီး ဖြစ်မယ်လို့ ယူဆရပါတယ်။ ကင်မရာ 13 MP သုံးထားပြီး ရှေ့ကင်မရာ 5 MP ပါဝင်တဲ့ 4G LTE ထောက်ပံ့ပေးနိုင်တဲ့ စမတ်ဖုန်းလည်းဖြစ်ပါတယ်။

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com