6/10/2017

♪ " ကင်မရာ (2) လုံးပါဝင်တဲ့ Honor 9 ကို ဇွန်လ (22) ရက်နေ့ တရားဝင်မိတ်ဆက်မည် " ♫

Image may contain: phone

Huawei ကုမ္ပဏီကနေ တရားဝင်ထွက်ရှိလာတဲ့ ပိုစတာမှာ ဖော်ပြထားချက်အရ Honor 9 စမတ်ဖုန်းမှာ ကင်မရာနှစ်လုံး အသုံးပြုထားပြီး ဇွန်လ (22) ရက်နေ့ စတင်မိတ်ဆက်မယ်လို့ သိရပါတယ်။ Honor 9 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ယခင်ကလည်း ထွက်ပေါ်ခဲ့ဖူးပြီး ဒီတစ်ကြိမ်မှာတော့ ထွက်ရှိမယ့်ရက်စွဲနဲ့ ကင်မရာပိုင်းဆိုင်ရာအချက်အလက်တွေ ဖော်ပြထားတဲ့ပိုစတာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ပိုစတာအရဆိုရင်တော့ ဒီစမတ်ဖုန်းမှာ ကင်မရာနှစ်လုံးပါဝင်တယ်ဆိုတာ အတည်ပြုနိုင်မှာဖြစ်ပြီး တစ်ခြား အချက်အလက်တွေကို ဖော်ပြထားခြင်းမျိုး မရှိသေးပါဘူး။ Honor 9 ကို ပြီးခဲ့တဲ့လ ပြင်သစ်မှာပြုလုပ်ခဲ့တဲ့ပွဲမှာ ထွက်ပေါ်လာမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အဲဒီတုန်းက မိတ်ဆက်ခဲ့ခြင်း မရှိပါဘူး။ ပိုစတာမှာပါဝင်တဲ့ စမတ်ဖုန်းဒီဇိုင်းက ယခင်သတင်းပေါက်ကြားထားတဲ့ စမတ်ဖုန်းပုံစံနဲ့ တူညီနေပါတယ်။

အရှေ့ပိုင်း ထွက်ပေါ်ထားတဲ့ သတင်းတွေအရ Honor 9 မှာ 20 MP နဲ့ 12 MP ဆင်ဆာအသုံးပြုထားတဲ့ dual camera ပါဝင်ပြီး RAM က 4GB ဒါမှမဟုတ် 6GB ၊ Hisilicon kirin 960 SoC အသုံးပြုထားတယ်လို့ သိရပါတယ်။ 5.2 လက်မ Full HD display ပါဝင်ပြီး Android 7.1.1 Nougat ပါဝင်လာမယ်လို့ ခန့်မှန်းထားကြတာပါ။ Huawei ကုမ္ပဏီဘက်ကတော့ ဒီအချက်အလက်တွေအတွက် တရားဝင်တုန့်ပြန်တာ မျိုး မတွေ့ရပါဘူး။

 

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com