6/08/2017

♪ Samsung က Pirates of the Caribbean-Themed Galaxy S8 ကို ရောင်းချ ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/06/Samsung.jpg?fit=800%2C450&ssl=1

Samsung က Galaxy S8 ကို အရောင်းမြှင့်တင်နိုင်မယ့် မော်ဒယ်တစ်မျိုးကို ထုတ်လုပ်ရောင်းချပေး လိုက်ပါတယ်။ အဲဒါကတော့ Pirates of the Caribbean-Themed Galaxy S8 ဖြစ်ပါတယ်။ Samsung က ယခင်ကလည်း ဟောလီးဝုဒ် ရုပ်ရှင် စတူဒီယိုများနဲ့ ပူးပေါင်း၍ အထူးထုတ် စမတ်ဖုန်းများကို ဖန်တီးရောင်းချခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ Iron Man-Themed Smartphone ကို ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းများဟာ ရုပ်ရှင် ချစ်သူများကို ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။



Samsung ရဲ့ ယခင်က အထူးထုတ် စမတ်ဖုန်းများလို မဟုတ်ဘဲ Pirates of the Caribbean Model ဟာ မူလ Galaxy S8 နဲ့ ဆင်တူပါတယ်။ သူ့မှာ Pirates of the Caribbean: Dead Men Tell No Tales theme ကိုသာ အသုံးပြုထားပါတယ်။ စမတ်ဖုန်း ထည့်ထားတဲ့ ဘူးခွံကို ရတနာ သေတ္တာ စတိုင် ဖန်တီးထားပြီး Pirates of the Caribbean Logo ပါပါတယ်။ ဘူးထဲမှာ လက်စွပ် ကီးချိန်းနဲ့ အဲဒီ လိုဂိုပါတဲ့ Case ကို ထည့်ပေးထားပါတယ်။
၈၈၀ ဒေါ်လာ သတ်မှတ်ထားပြီး အနက်ရောင် ဖြစ်ပါတယ်။ Standard Model မှာလို 4GB RAM, 64GB Storage ထည့်သွင်းထားပါတယ်။ အခြား Specification များကလည်း မူလ Galaxy S8 နဲ့ တူညီပါတယ်။ လက်ရှိမှာ တရုတ်တွင်သာ အကန့်အသတ်ဖြင့် ရောင်းချပေးနေပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com