6/08/2017

♪ “LG က 13MP Camera , 4500mAh Battery ပါတဲ့ X500 ကို မိတ်ဆက်” ♫

Image may contain: phone

LG က စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပြီး X500 လို့ အမည် ပေးထားပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်မှာ 4500mAh Battery ဖြစ်ပြီး နာရီပေါင်း ၂၀ လောက် ဗီဒီယို ကြည့်နိုင်ပါတယ်။ တစ်နာရီခန့် အားသွင်း ရင် ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးတယ်လို့ LG က ပြောပါတယ်။

LG X500 မှာ ၅.၅ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera ပါပါတယ်။ LG X500 ဟာ LG X Power 2 ရဲ့ တောင်ကိုရီးယား မော်ဒယ်လို့ သတင်းအချို့က ပြောပါတယ်။

LG X500 မှာ Mediatek MT6750 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ 2GB RAM , 32GB Internal Storage ထည့်သွင်းထားပါတယ်။ Android Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား ၀မ် ၃၁၉,၀၀၀ ( ၂၈၅ ဒေါ်လာ ၀န်းကျင် ) သတ်မှတ်ထားပါတယ်။ တောင်ကိုရီးယားမှာ ဇွန်လ ၉ ရက်နေ့တွင် စတင် ရောင်းချမှာ ဖြစ်ပါတယ်။ မြန်မာငွေအားဖြင့် ၃၈၀,၀၀၀ ကျပ် ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com