6/08/2017

♪ Apple က Specification များ အဆင့်မြှင့်ထားတဲ့ MacBook နဲ့ MacBook Pro များကို မိတ်ဆက် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/06/new_macbook__pink_89_thumb.jpg?fit=800%2C450&ssl=1

Apple က WWDC မှာ Specification များ အဆင့်မြှင့်ထားတဲ့ MacBook နဲ့ MacBook Pro များကို မိတ်ဆက်လိုက်ပါတယ်။ အဓိက အဆင့်မြှင့်မှုမှာ ၁၂ လက်မ MacBook နဲ့ MacBook Pro များမှာ Intel Kaby Lake Processor များကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ ၁၂ လက်မ MacBook မှာ 1.4GHz Core i7 Processor ( Turbo Boost up to 3.6GHz ) ထည့်သွင်းထားပြီး 16GB RAM အထိရွေးချယ်နိုင်ပါတယ်။

၁၃ လက်မ MacBook Pro အတွက် 3.5GHz Core i7 ( Turbo Boost up to 4.0GHz ) Kaby Lake Processor နဲ့ ၁၅ လက်မ MacBook Pro အတွက် 3.1GHz Core i7 ( Turbo Boost up to 4.1GHz ) အထိ ရွေးချယ်နိုင်ပါတယ်။ မော်ဒယ် အသစ် အားလုံးမှာ ယခင်မျိုးဆက်များထက် ၅၀ ရာခိုင်နှုန်း ပိုမို လျှင်မြန်တဲ့ SSD အသစ်များ ထည့်သွင်းထားပါတယ်။

MacBook Air အသစ်မှာလည်း 1.8GHz Processor ဖြင့် အဆင့်မြှင့်ထားပါတယ်။ တန်ဖိုးအနည်းဆုံး ၁၂ လက်မ MacBook ကို ၁၂၉၉ ဒေါ်လာ ၊ ၁၃ လက်မ MacBook Pro ကို ၁၂၉၉ ဒေါ်လာ၊ ၁၃ လက်မ MacBook Pro (Touch Bar ) ကို ၁၇၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၁၅ လက်မ MacBook Pro (Touch Bar) ကို ၂၃၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မော်ဒယ်အသစ်အားလုံးကို စတင် ရောင်းချပေးနေပါပြီ။





Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com