6/17/2017

♪ " Samsung မှ ထပ်မံ မိတ်ဆက်လိုက်ပြီဖြစ်သည့် Galaxy XCover4 " ♫

Image may contain: phone and text

Samsung Myanmar စမတ်ဖုန်းအမျိုးအစားသစ်တစ်ခုဖြစ်သည့် Galaxy XCover4 ကိုမိတ်ဆက်ပေး ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စမတ်ဖုန်းသစ်တွင် ယခင်နှစ်က ထွက်ရှိခဲ့သော ဖုန်း၏အရွယ်အစား ထက် ပိုမိုကြီးမားသော မျက်နှာပြင်၊ ပိုမိုကျဉ်းမြောင်းသွားသော ဘေးဘောင်နှင့် တိုးမြှင့်ထားသော ဖုန်းတွင်းမှတ်ဥာဏ်တို့ပါဝင်သည်။

Galaxy Xcover 4 တွင် လက်အိတ်ဝတ်ဆင်ထားလျှင်ပင် ထိတွေ့နိုင်သော 5 လက်မ အရွယ်အစားရှိ HD မျက်နှာပြင်နှင့် Exynos 7570 chipset နှင့် 1.4 GHz Quad core processor တို့ပါဝင်ပြီး Android Marshmallow OS အား ထည့်သွင်းပေးထားသည်။ 2GB RAM နှင့်အတူ ဖုန်းတွင်းမှတ်ဥာဏ် 16 GB ပါဝင်ပြီး microSD card ထည့်သွင်း၍ 64GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်သည်။ 13MP နောက်ကင်မရာ နှင့် 5MP ရှေ့ကင်မရာတို့ ပါဝင်ကာ ရေဒဏ်နှင့် ဖုန်ဒဏ်တို့အား ခံနိုင်စွမ်းရှိသော IP68 နှင့်အတူ ဖန်တီးထုတ်လုပ်ထားသည်။

“ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ အလုပ်အတွက်ပဲဖြစ်ဖြစ် အပန်းဖြေဖို့ပဲဖြစ်ဖြစ် လိုအပ်ချက်တွေကို အရည်အသွေးမြှင့်တင်ထားတဲ့ ထုတ်ကုန်တွေနဲ့အတူ ဘယ်လိုအခြေအနေမျိုးမှာမဆို ရရှိအသုံးပြုနိုင်စေဖို့ အစဉ်အမြဲ ကြိုးစားဆောင်ရွက်နေပါတယ်။ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာမဆို အလုပ်လုပ်သူတွေအတွက် အလွန်ကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ပိုင်ဆိုင်ထားတဲ့ ဒီ XCover 4 က ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ် ဖန်တီးမှုတွေကနေ ရှာဖွေတွေ့ရှိထားတဲ့ သက်သေတစ်ခုပဲဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်က ဆိုသည်။


ထို့အပြင် Samsung Myanmar မှ Ooredoo Myanmar နှင့်ပူးပေါင်း၍ Galaxy XCover 4 ဝယ်ယူသုံးစွဲသူများအတွက် လစဉ် အနည်းဆုံး ဖုန်းငွေဖြည့်ကဒ် 5000 ကျပ် ထည့်သွင်းရုံဖြင့် အထူးလက်ဆောင် 2GB အား ခြောက်လဆက်တိုက် ရရှိခံစားနိုင်မည့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးမည်ဖြစ်သည်။ Galaxy XCover4 အား အနက်ရောင်ဖြင့်ရရှိနိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung အရောင်းပြခန်းများတွင် မြန်မာကျပ်ငွေ 305000 ကျပ်ဖြင့် ဇွန်လ 16 ရက်နေ့ မှစတင်၍ ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com