6/17/2017

♪ " ဇွန်လ (18) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် MPT Employment Fair 2017 အလုပ်အကိုင်ပြပွဲ " ♫

Image may contain: one or more people, people standing and text

MPT Employment Fair 2017 အလုပ်အကိုင်ပြပွဲကို 2017 ခုနှစ် ဇွန်လ (18) ရက်နေ့တွင် ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးအနီးရှိ Rose Garden ဟိုတယ်၌ နံနက် 9 နာရီမှ ညနေ 4 နာရီအထိ ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ MPT အနေဖြင့် အဖွဲ့အစည်းများကို တိုးချဲ့ရန်အလို့ငှာ အရည်အချင်းရှိသောသူများကို ရှာဖွေနေပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကို ပေးအပ်ရန်ရှိသည်။

ဌာနများတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး ဘဝတိုးတက်မှုကို ရှာဖွေလိုသူများအတွက် လစ်လပ်နေရာပေါင်း 90 ကျော်တွင် အလုပ်အကိုင်များ လျှောက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါ အလုပ်အကိုင်ပြပွဲ၌ အရောင်းနှင့် ဖြန့်ချိရေးဌာန၊ ဈေးကွက်ရှာဖွေရေးဌာန၊ နည်းပညာဌာနနှင့် ဆက်သွယ်ရေးနည်းပညာနှင့် အင်ဂျင်နီယာဌာနများတွင် တာဝန်ယူဆောင်ရွက်ရန်အတွက် မန်နေဂျာများ၊ အကြီးတန်းဝန်ထမ်းများနှင့် ဝန်ထမ်းများကို ခေါ်ယူသွားမည်ဖြစ်သည်။

အရည်အချင်းပြည့်မီသူများနှင့် စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပါအလုပ်အကိုင်အခွင့်အလမ်းပြပွဲသို့ CV အပြည့်အစုံနှင့်အတူ လာရောက်လျှောက်ထားနိုင်သည်။ “ MPT အနေနဲ့ အလုပ်အကိုင်နေရာများစွာအတွက် အရည်အချင်းရှိသူတွေကို အခုထပ်ပြီး လိုအပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ အလုပ်အကိုင်တွေ ပိုမိုရရှိစေဖို့ အခုလိုမျိုး အခွင့်အလမ်းတွေကို ကမ်းလှမ်းခွင့်ရတဲ့အတွက် အလွန်ပဲဂုဏ်ယူမိပါတယ်။ တကယ်လို့ အလုပ်အကိုင်လျှောက်ထားသူတွေအနေနဲ့ မိမိနဲ့ကိုက်ညီတဲ့ အရည်အချင်းတွေရှိနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ပြပွဲကို တက်ရောက်ဖို့အတွက် ဖိတ်ခေါ်ပါတယ် ” ဟု MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က ပြောသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲသို့လာရောက်ရန်အတွက် ကြိုတင်စာရင်းပေးသွင်းစရာမလိုပဲ ပြပွဲကျင်းပ သည့်နေ့တွင် CV နှင့်တကွ MPT ကောင်တာသို့ လာရောက်ပြီး လျှောက်ထားနိုင်ကာ အရည်အချင်းပြည့်မီ သူများကို ဆက်လက်ပြီး အင်တာဗျူးသွားမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm နှင့် Myjobs.com တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com