6/16/2017

♪ MPT အချင်းချင်းဖုန်းခေါ်ဆိုမှုများအတွက် (၁၀)မိနစ်လျင် (၉၉)ကျပ်သာကျသင့်မည့် ပက်ကေ့ခ်ျအသစ်တစ်ခု မိတ်ဆက် ♫


MPT သည် MPT အချင်းချင်းဖုန်းခေါ်ဆိုမှုများအတွက် ၁၀ မိနစ်လျင် ၉၉ ကျပ်သာ ကျသင့်မည့် ၁၀ မိနစ်ပက်ကေ့ခ်ျအသစ်တစ်ခုကို ယနေ့စတင်မိတ်ဆက်လိုက်ကြောင်းသိရသည်။

MPT ၏ ဆွေသဟာ၊ ရှယ်ပြောနှင့် ပုံမှန်နှုန်းထားဖြင့်ရယူထားသောအစီအစဉ်များကို (GSM/WCDMA) အသုံးပြုသူများအနေဖြင့် *2220# သို့ခေါ်ဆိုကာ အဆိုပါပက်ကေ့ခ်ျကို ရယူနိုင်မည် ဖြစ်သည်။
ထို့ပြင် အဆိုပါပက်ကေ့ခ်ျကို သုံးစွဲသူများ၏လိုအပ်ချက်အလိုက် တစ်နေ့အတွင်း အကြိမ်အရေအတွက် အကန့်အသတ် မရှိဝယ်ယူနိုင်မည်ဖြစ်သည်။

အသစ်မိတ်ဆက်လိုက်သည့် ဖုန်းခေါ်ဆိုခနှုန်းထားအရ MPT သုံးစွဲသူများသည် ပိုမိုသက်သာသောဈေးနှုန်း ဖြင့် မိမိတို့၏ ရင်းနှီးချစ်ခင်ရသူများကို ယခင်ကထက် ပိုမိုခေါ်ဆိုနိုင်မည် ဖြစ်သည်။ ၁၀ မိနစ်လျင် ၉၉ ကျပ် သာကျသင့်မည့် MPT ၏အဆိုပါ ပက်ကေ့ခ်ျသည် အထူးသဖြင့် တစ်နေ့တာလုံး ဖုန်းဖြင့်အဆက်အသွယ် ပြုလုပ်ရန် လိုအပ်သော သုံးစွဲသူများအတွက် မိမိတို့အလိုရှိသောအချိန်တိုင်းတွင် အလွယ်တကူရယူ အသုံးပြုနိုင်မည်ဖြစ်သည်။

Voice ပက်ကေ့ခ်ျများကို ကြိုက်နှစ်သက်ကြသော သုံးစွဲသူများအတွက် တစ်နေ့လျင် ၃၉၉ ကျပ်နှင့် စိတ်ကြိုက်ဖုန်းခေါ်ဆိုနိုင်မည့် MPT၏ နေ့စဉ်သုံးပက်ကေ့ခ်ျတွင် ၁၀ မိနစ် ပက်ကေ့ခ်ျကို ထပ်မံမိတ်ဆက်လိုက်ခြင်းဖြစ်ရာ သုံးစွဲသူများ အတွက် ရွေးချယ်စရာ Voice ပက်ကေ့ခ်ျများ ပိုမိုများပြား လာမည် ဖြစ်သည်။

*မှတ်ချက် – ၁၀ မိနစ်ပက်ကေ့ခ်ျဝယ်ယူရာတွင် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ထပ်မံပေးဆောင်ရပါမည်။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com