6/10/2017

♪ “ZTE က စွမ်းဆောင်ရည်သင့် V870 ကိုကြေညာ” ♫

Image may contain: phone

တရုတ် စမတ်ဖုန်းထုတ်လုပ်သူ ZTE က စွမ်းဆောင်ရည်သင့် စမတ်ဖုန်း များဖြင့် ဈေးကွက်ကိုထိုးဖောက်နေပါတယ်။ အခုလည်း ZTE က V870 စမတ်ဖုန်းအသစ်ကိုမိတ်ဆက်လိုက်ပါတယ်။

ZTE V870 မှာ ၅.၅ လက်မ IPS Full HD Display တပ်ဆင်ထားပါတယ်။ 1.4GHz Octa-Core CPU တပ်ဆင်ထားတဲ့ Qualcomm Snapdragon 435 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM , 64GB Internal Storage ထည့်သွင်းထားသလို microSD Card ဖြင့် Storage ကို မြှင့်တင် နိုင်ပါတယ်။

ZTE V870 ရဲ့ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ အရှေ့ဘက် မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။အနောက်ဘက်မှာ လက်ဗွေရာအာရုံခံကိရိယာတပ်ဆင်ထားပါတယ်။ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ 3000mAh Battery ကိုအသေတပ်ဆင်ထားပါတယ်။ အရွယ်ကြီးမားတဲ့ စပီကာ နှစ်လုံးပါရှိပါ တယ်။ တရုတ်မှာယွမ် ၂၆၉၉ ( ဒေါ်လာ ၄၀၀ ၀န်းကျင်) ဖြင့် ရောင်းချ ပေးနေပါတယ်။ မြန်မာငွေ အားဖြင့် ၅၄၀,၀၀၀ ကျပ်ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com