6/02/2017

♪ " Note 7 နဲ့ တစ်ပုံစံတည်းဖြစ်နေတဲ့ Samsung Galaxy Note 7R " ♫

Image may contain: 1 person, text

Samsung ကုမ္ပဏီကနေ ထပ်မံထွက်ရှိလာဖွယ်ရှိတဲ့ Galaxy Note 7R ရဲ့ ဒီဇိုင်းက Note 7 နဲ့ တူညီနေတယ်လို့ သိရပါတယ်။ Galaxy Note 7R ရဲ့ ရှေ့ဘက်နဲ့ နောက်ဘက်ကို ဖော်ပြထားတဲ့ ဓာတ်ပုံ 2 ပုံ ထွက်ရှိလာတာဖြစ်ပြီး Samsung ရဲ့ Note 7 ကို refurbished အနေနဲ့ ပြန်လည်ထုတ်လုပ်တဲ့ Note 7R က ပုံစံတူညီမယ်ဆိုတာကတော့ ကြိုတင်ခန့်မှန်းပြီးသား အချက်တစ်ခုပါပဲ။

 ပြောင်းလဲသွားမယ့် အချက်ကတော့ ဘက်ထရီနဲ့ ဈေးနှုန်းပါပဲ။ ပေါက်ကြားလာတဲ့ သတင်းတွေအရ ဒီဖုန်းရဲ့ နာမည်က galaxy Note 7R လား Note FE လားဆိုတာ သေချာမသိရသေးပါဘူး။ ထွက်ပေါ်လာတဲ့ နောက်ကျောဘက်ဓာတ်ပုံထဲမှာတော့ ဖုန်းအနောက်ဘက်မှာ R စာလုံးကို တွေ့မြင်ရပြီး ဒါဟာ photoshop နဲ့ ပြုလုပ်ထားဖွယ်ရှိပါတယ်။

ဒီသတင်းနဲ့ ဓာတ်ပုံကို twitter မှာ တင်ခဲ့သူက သူ့ရဲ့သတင်းကို ပြန်လည်ဖယ်ရှားခဲ့တာကြောင့် ဒါဟာ တကယ့်အစစ်အမှန်လားဆိုတာကိုတော့ ခန့်မှန်းရခက်ပါသေးတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com