6/02/2017

♪ " Samsung Galaxy C10 မှာ Dual Camera ပါဝင်လာမည် " ♫

Image may contain: phone and text

Samsung Galaxy C10 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထပ်မံထွက်ပေါ်လာပြီး နောက်ဆုံးသတင်းအရတော့ ဒီစမတ်ဖုန်းမှာ ကင်မရာ 2 လုံးရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ Samsung ရဲ့ Galaxy note 8 မှာစပြီးနောက် ကင်မရာနှစ်လုံးအသုံးပြုမယ်လို့ သိခဲ့ကြပေမယ့် galaxy C10 က စောထွက်ခဲ့ရင်တော့ ကုမ္ပဏီရဲ့ ပထမဆုံး dual camera ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်လာပါလိမ့်မယ်။

Onleaks နဲ့ PriceBaba တို့ရဲ့ အချက်အလက်တွေအရ စမတ်ဖုန်းရဲ့ နောက်ကျောဘက်မှာ မတူညီတဲ့ ကင်မရာ 2 လုံးတပ်ဆင်ထားပြီး ဒီကင်မရာတွေဘေးမှာ LED flash ကို မြင်တွေ့ရမှာပါ။ အစောပိုင်းခန့်မှန်းချက်တွေမှာတော့ LED flash ကို ကင်မရာ 2 လုံးကြားမှာ ထားရှိမယ်လို့ ယူဆခဲ့ကြပါသေးတယ်။ အခုပုံစံသစ်အရ တွေ့မြင်ရတဲ့ antenna line နဲ့ တစ်ချို့ပါဝင်မှုတွေက အစောပိုင်းကောလဟလတွေနဲ့ တူညီနေတာ တွေ့ရပါတယ်။

ဒီစမတ်ဖုန်းမှာ USB type C port နဲ့ 3.5mm နားကြပ်ပေါက်တို့ကို ဖုန်းရဲ့ ညာဘက်အောက်မှာ တပ်ဆင်ထားပြီး ဘဲဥပုံ home ခလုတ်ကတော့ ထုံးစံအတိုင်း အရှေ့ဘက်မှာပါ။ Volume ခလုတ်ကိုလည်း ဖုန်းရဲ့ ညာဘက်ပိုင်းအောက်နားလေးမှာ တွေ့ရပြီး Bixby ဆိုတဲ့ digital assistant အတွက်လည်း ထောက်ပံ့ပေးလာမယ်လို့ သိရပါတယ်။


Galaxy C10 ရဲ့ မျက်နှာပြင်က 5.5 လက်မရှိမှာဖြစ်ပြီး PriceBaba ရဲ့ ထုတ်ပြန်ချက်မှာတော့ 152.5 ×74.8 ×7.68 mm အရွယ်အစားရှိတယ်လို့ ဖော်ပြထားပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com