6/02/2017

♪ " Apple ရဲ့ iPhone 8 ဈေးနှုန်းက ဒေါ်လာ (1000) ကျော်နိုင် " ♫

Image may contain: phone and text

iPhone 8 နဲ့ပတ်သက်ပြီး အချက်အလက်တွေ ဆက်တိုက်ထွက်ပေါ်လာနေချိန်မှာပဲ အမေရိကန်ဒေါ်လာ (1000) အထက်မှာ ရှိနိုင်တယ်ဆိုတဲ့ ဈေးနှုန်းခန့်မှန်းချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ iPhone 8 မှာ OLED display ပါဝင်ပြီး ဒီဇိုင်းပုံစံသစ်၊ ထုပ်ပိုးမှုအသစ်တွေနဲ့ လုပ်ဆောင်ချက်အသစ်တွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။

မိုဘိုင်းဖုန်းဆိုင်ရာလေ့လာသူတစ်ဦးဖြစ်တဲ့ Simona Jankowsklm က " iPhone 8 ရဲ့ ဈေးနှုန်းက 128GB အတွက် အမေရိကန်ဒေါ်လာ 999 နဲ့ 256GB အတွက် အမေရိကန်ဒေါ်လာ 1099 ဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ UBS ရဲ့ လေ့လာသူ Steven Milunovish ကတော့ " iPhone 8 ရဲ့ ကောလဟလတွေအရ 256GB ရှိတဲ့ iPhone 8 က အမေရိကန်ဒေါ်လာ 1070 နီးပါး ရှိနိုင်ပါတယ်။

Storage နည်းတဲ့ဖုန်းတွေကိုတော့ အမေရိကန်ဒေါ်လာ 870 လောက်က စရောင်းမယ်လို့ မျှော်လင့်ပါတယ် " လို့ ပြောပါတယ်။ Milunovich နဲ့ Jankowski တို့အနေနဲ့ မနှစ်က ဈေးနှုန်းတွေအပေါ် အခြေခံပြီး ခန့်မှန်းကြတာပဲ ဖြစ်ပါတယ်။ iPhone 8 ရဲ့ ပေါက်ကြားလာတဲ့ သတင်းဓာတ်ပုံနဲ့ video တွေအရ 2014 iPhone 6 ထွက်ရှိချိန်ကစပြီး အခုချိန်ထိ ထွက်ရှိခဲ့သမျှထဲမှာ ဈေးအကြီးဆုံးနဲ့ အထူးခြားဆုံးဖြစ်မယ်လို့ ခန့်မှန်းနေကြ ပါတယ်။

iPhone 8 ရဲ့ ထူးခြားချက်တွေထဲမှာ fingerprint scanner မတွေ့ရှိရတာပဲဖြစ်ပါတယ်။ Apple အနေနဲ့ fingerprint scanner ကို ဖန်သားပြင်မျက်နှာပြင်မှာပဲ မြှုပ်ထားသလား ဒါမှမဟုတ် မျက်နှာ ဒါမှမဟုတ် မျက်လုံးနဲ့ စကန်ဖတ်ပြီးဖွင့်ရတဲ့စနစ်ဘက်ကို ဦးတည်ထားသလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com