6/11/2017

♪ “Meizu: Stronger than ever” အကြောင်းအသေးစိတ်ရှင်းလင်းဖော်ပြချက်များ ♫

No automatic alt text available.

နိုင်ငံတကာဈေးကွက်မှာ စမတ်ဖုန်းတွေဟာသူ့ထက်ငါ အပြိုင်အဆိုင် ထုတ်လုပ်လာတာကို ပိုမိုတွေ့မြင်လာရပါတယ်။ ဒီလိုစမတ်ဖုန်း ထုတ်လုပ်သူ တွေထဲမှာ တရုတ်နိုင်ငံထုတ်စမတ်ဖုန်းတွေက ပိုမိုအားပြိုင်မှု များလာတာကို တွေ့နေရပါတယ်။ ပြည် တွင်းဈေးကွက်မှာဆိုရင်လည်း တရုတ်နိုင်ငံထုတ်စမတ်ဖုန်းတွေဟာ သုံးစွဲသူအများစုရဲ့ကြိုက်နှစ်သက်မှု ကို ရရှိနေပါတယ်။ ဒီလို ကုမ္ပဏီတွေမှာ ထိပ်တန်းရောက်နေတာကတော့ Huawei, OPPO, Vivo နဲ့ Xiaomi တို့ပါပဲ။ နောက်ထပ်လည်း စမတ်ဖုန်း အများစုဈေးကွက်ထဲကို ၀င်ရောက်လာလျက်ရှိနေပါတယ်။ အခုဆိုရင် Meizu ဆိုတဲ့ အမှတ်တံဆိပ်လေးတောင် ဈေးကွက်ထဲကို ရောက်ရှိလာ ပါပြီ။ MEIZU Technology ကုမ္ပဏီသည် တရုတ်နိုင်ငံမှ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော နံပါတ် ၁ ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် 20 Millions ရောင်းအားရှိခဲ့သော Smart Phone ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။ MEIZU ကုမ္ပဏီအနေဖြင့် ယခုလက်ရှိအချိန်၌ UK, Germany, France, Spain, Israel, Russia, Ukraine, Indonesia, Hong Kong နှင့် India တို့တွင် အောင်မြင်စွာရောင်းချပေးလျက်ရှိပြီး အရှေ့တောင်အာရှသို့ ခြေလှမ်းတစ်ခုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် မြန်မာ နိုင်ငံဈေးကွက်ကိုတရားဝင် မိတ်ဆက်ကာ ၀င်ရောက်လာခဲ့သည်။ ဒါကြောင့် အစောပိုင်းထွက်ထားတဲ့စမတ်ဖုန်းတွေနဲ့ လက်ရှိစမတ်ဖုန်း ဈေးကွက်ကိုယှဉ်ပြိုင်နိုင်စွမ်းရှိမယ့် Meizu ဖုန်းများကို လေ့လာကြည့် လိုက်တဲ့ အခါမှာတော့ ....

<Meizu M1 Metal>

ဖုန်းရဲ့အရွယ်အစားက 5.5 inches ရှိပြီး Screen Resolution ကလည်း 1080×1920 pixels (Full HD) ဖြစ်တာကြောင့် ကြည့်ရတာအလွန် ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်ကို ပေးစွမ်းမှာဖြစ်ပါတယ်။ Meizu m1 metal ကို System ပိုင်းအနေနဲ့ Android 5.1.1 Lollipop နဲ့အတူ ဖုန်းတွင်း System အသွင်အပြင် အပိုင်းအားလုံးကို Meizu Flyme OS 5.1/Yun OS နဲ့ တန်ဆာဆင်ပေးတဲ့အတွက် User များကိုအသုံးပြုရန် ပိုမိုလွယ်ကူစေ မှာပါ။ ဖုန်းရဲ့ RAM အနေနဲ့ ကတော့ 2GB ဖြစ်ပြီး ဖုန်းတွင်း Memory သိုလှောင်မှုပမာဏအနေနဲ့ 16 GB/ 32GB ဆိုပြီး Storge size ၂မျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းရဲ့အဓိက လည်ပတ်မောင်းနှင်အားဖြစ်တဲ့ Processor အနေနဲ့ကတော့ Mediatek MT6795 Helio×10 (Octa-core 2.0 GHz Cortex-A53) ကို အသုံးပြုထားပါတယ်။ Camera ပိုင်းအနေနဲ့ ဖုန်းရဲ့အရှေ့ဘက်ခြမ်း (Front)Camera အနေနဲ့ Megapixel အရည် အသွေးရှိတဲ့ Camera တို့ကို တပ်ဆင်အသုံးပြုပေးထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။ Fingerprint လည်းပါဝင်ပြီး Screenlock အပြင် app lock ပါအသုံးပြုနိုင်မှာဖြစ်ပါ တယ်။ ဖုန်းရဲ့ Battery အနေနဲ့ Li-Ion 3140 mAh Battery ကိုတပ်ဆင် ပေးထားတာကြောင့် ဘက်ထရီအားအတော်ခံမယ့် ဖုန်းတစ်လုံးပါပဲ။

<Meizu M2>

2G,3G များ ကို သုံးစွဲနိုင်မှာဖြစ်ကာ ဖုန်းရဲ့အသွင်ဒီဇိုင်းကတော့ ထောင့်စွန်းများဟာ ပုံမှန်ထွက်နေကျအတိုင်း အ၀န်းအ၀ိုက်ပုံသဏ္ဌာန်ရှိ ပါတယ်။ မျက်နှာပြင်ပိုင်းမှာတော့ အရင်ဖုန်းတွေထက်ကျဉ်းသွားပြီး ၅ လက်မသာရှိမှာဖြစ်ပါတယ်။ CPU Quad-core 1.3 GHz ကို 2GB RAM အသုံးပြုထားတာပါ။ Screen Size 5.0 (1080×720) pixels ရှိပါမယ်။ မျက်နှာပြင် ကလည်း IPS LCD ဖြစ်ပါတယ်။ Built in storage 16GB ပါဝင်ပြီး Micro SD card ထပ်မံထည့်သွင်းအသုံးပြုမယ်ဆိုရင် 128GB အထိ လက်ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ Multitouch စနစ်တွင် Flyme 4.5 ကိုသုံးစွဲနိုင်ပါမယ်။ အကြမ်းအတမ်းခံနိုင်သော ဖုန်းမျက်နှာပြင်ဖြစ်စေဖို့ အတွက်လည်း Asahi Dragontrail Glass ဖုံးအုပ်ပေးထားပါသေးတယ်။ အဓိကကင်မရာဟာ 13MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ OS အတွက်ကတော့ Android 5.1 ကို သုံးနိုင်မှာဖြစ် ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မှုစွမ်းရည်ကတော့ သုံးမျိုးသုံးစားရှိပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 1500mAh ဖြစ်ပါတယ်။

<Meizu MX5>

Meizu MX5 ဟာ 2G, 3G, 4G network များကို သုံးစွဲနိုင်မှာဖြစ်ကာ ဖုန်းရဲ့အသွင်ဒီဇိုင်းကတော့ ထောင့်စွန်းများဟာ အ၀န်းအ၀ိုက်ပုံသဏ္ဌန် ရှိပါတယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းအများစုတွင် ထည့်သွင်းပေးထား သော Finger print Sensor ပါဝင်တဲ့ Meizu MX5 Model ဖြစ်ပါတယ်။ CPU Octa-core 2.2 GHz ကို 3GB RAM အသုံးပြုထားတာပါ။ Screen Size 5.5 (1080×1920) pixels ရှိပါမယ်။ မျက်နှာပြင်ကလည်း AMOLED ဖြစ်ပါတယ်။ Built-in Storage 32GB ပါဝင်ပြီး Micro SD card တော့ ထပ်မံထည့်သွင်းအသုံးမပြုနိုင်ပါဘူး။ External OTG adaptor နဲ့တော့ သုံးစွဲနိုင်မှာပါ။ AMOLED capacitive touch-screen ရဲ့ အကျယ်အ၀န်း ပမာဏကတော့ 5.5 inches ဖြစ်ပြီး မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ ပေးထားသော pixels ပမာဏမှာ 1080×1920 ပါ။ အဓိကကင်မရာဟာ 20.7MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါ တယ်။ Dual LED (Dualtone) Flash စနစ်လည်းပါရှိပါတယ်။ ဗီဒီယို ရိုက်ကူးနိုင်မှုစွမ်းရည်ကတော့ သုံးမျိုးသုံးစားရှိပါတယ်။ အားသွင်း အသုံးပြုရမယ့်ဘက်ထရီအမျိုးအစားကတော့ Li-Ion 3150mAh ဖြစ်ကာ အားသွင်းမြန်ဆန်တဲ့ စနစ်လည်း သုံးစွဲနိုင်ပါမယ်။

<Meizu M2 Note>

ဖုန်းရဲ့အရွယ်အစားက 5.5inches ရှိပြီး Screen Resolution ကလည်း 1080× 1920 pixel (Full HD) Resolution ဖြစ်တာကြောင့် ကြည့်ရတာ အလွန်ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်ကို ပေးစွမ်းမှာဖြစ်ပါတယ်။ မိုဘိုင်း ကွန်ရက်ထောက်ပံ့မှုအနေ နဲ့ 2G Network မှ 4G Network အထိ Support ပေးထားပြီး SIM Card ၂ကတ်ထည့်သုံးနိုင်ပါတယ်။ Meizu m2 note ကို System ပိုင်းအနေနဲ့ Android 5.0 Lollipop အသုံးပြုထားပါ တယ်။ Meizu Flyme OS 4.5 နဲ့တန်ဆာဆင်ပေးတဲ့အတွက် User များကို အသုံးပြုရန်ပိုမိုလွယ်ကူစေမှာပါ။ ဖုန်းရဲ့ RAM အနေနဲ့ကတော့ 2GB ဖြစ်ပြီး ဖုန်းတွင် Memory သိုလှောင်မှုပမာဏအနေ နဲ့ 16 GB/32GB ဆိုပြီး Storage size ၂မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ Micro SD Card ကို up to 128 GB ထိ အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့အဓိကလည်ပတ်မောင်းနှင် အားဖြစ်တဲ့ Processor အနေနဲ့ ကတော့ Mediatek MT6753 (Octa-core 1.3 GHz Cortex-A53) ကို အသုံးပြုထားပါတယ်။ Camera ပိုင်းအနေနဲ့ ဖုန်းရဲ့ရှေ့ဘက်ခြမ်း (Front) Caemra အနေနဲ့ 5 Megapixel ၊ နောက်ဘက်ခြမ်း (Back/ Primary) Camera အနေနဲ့ 13 Megapixel အရည်အသွေးရှိတဲ့ Camera တို့ကိုတပ်ဆင်ပေးထားပါတယ်။ Fingerprint လည်းပါဝင်ပြီး Screenlock အပြင် applock ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ Battery အနေနဲ့ Li-Ion 3100mAh Battery ကို တပ်ဆင်ပေးထား တာကြောင့် ဘက်ထရီအတော်ခံမယ့်ဖုန်းတစ်လုံးပါပဲ။

<Meizu M5 Note>

မျက်နှာပြင်ပိုင်းအတွက် ၅.၅ လက်မဖြစ်ပြီး display ပိုင်းအတွက်တော့ LTPS IPS LCD ကို သုံးထားပါတယ်။ Software နဲ့ ပတ်သက်ရင်တော့ Meizu ဟာ သူတို့ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ flyme 5.2 ကိုသုံးနိုင်ပါလိမ့်မယ်။ Android OS အနေနဲ့ ကြည့်လိုက်မယ်ဆိုရင်တော့ 6.0(marshmallow) ဖြစ်ပါတယ်။ အနောက်ကင်မရာ 13MP ကိုအသုံးပြုပေးထားပြီး 10 LED (dual tone) Flash ကိုအသုံးပြုပေးထားတဲ့အတွက် ပုံရိပ်ဖမ်းယူမှုကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မှာဖြစ်သည့်အပြင် ပုံထွက် အရည် အသွေး မှာလည်း သဘာဝအတိုင်းနီးပါးရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာမှာတော့ 5MP,f/2.0 နဲ့ဖြစ်ပြီး 1080p ဗီဒီယိုတွေ ကိုတောင် ရိုက်ကူးနိုင်ပါလိမ့်မယ်။ Flash ရဲ့လုပ်ဆောင်နိုင်စွမ်းဟာ ပုံမှန်ထက် ၁၀ ဆပိုမိုကောင်းမွန်ပါလိမ့်မယ်။ စွမ်းအင်သုံးစွဲမှုအပိုင်း အတွက် Octa-core ကို သုံးထားတဲ့ထိပ်တန်းဖုန်းအဖြစ်ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် MediatekHelio P10 ရဲ့ ပေါင်းစပ်ပေးထားမှုဟာ 1.81GHz Octa-core (4 × 1.8 GHz Cortex A-53 & 4 × 1.0GHz Cortex A-53) ကို သုံးပေးထားသဖြင့်လုပ်ဆောင်ချက်ပိုင်းတွင် မြန်ဆန် စေမှာပါ။ အချက်အလက် သိုလှောင်သိမ်းဆည်းမှုအပိုင်းအတွက် ကတော့ 3GB LPDDR3 RAM နဲ့ဖြစ်ပြီး၊ storage ပိုင်းမှာတော့ 16GB နဲ့ 32GB ဆိုပြီး ကြိုက်ရာကိုရွေးချယ်နိုင်မှာပါ။ ဂရပ်ဖစ်ပိုင်းမှာတော့ ရုပ်ထွက်မြင့် ဂိမ်းနဲ့ရုပ်ရှင်တွေကို အဆင်ပြေပြေကြည့်နိုင်စေမယ့် Mail-T860 MPU GPU ကိုသုံးထားပါ တယ်။ ကြီးမားတဲ့ပရိုဆက်ဆာတွေကို မျှတတဲ့စွမ်းရည် ရစေဖို့အတွက် ဘက်ထရီကတော့ 4000mAh စွမ်းအားနဲ့ဖြစ်ပါတယ်။ ဘက်ထရီကိုအားသွင်းမြန်စေဖို့ နည်းလမ်းတွေကိုလည်း သုံးစွဲနိုင်မှာ ဖြစ်ပြီး ဘက်ထရီဟာ ၁၀မိနစ်အားသွင်းမယ်ဆိုရင်၂၆ ရာခိုင်နှုန်း၊ ၇၅ မိနစ် အားသွင်းမယ်ဆိုရင် စွမ်းအားအပြည့် ၁၀၀ရာခိုင်နှုန်းအထိ ရောက်ရှိ သွားမှာ ဖြစ်ပါတယ်။

<Meizu M3 Note>

Meizu ဟာ Note Series များကိုထုတ်လုပ်ထားရာ ယခုဖုန်းကို Meizu Blue Charm Note3 လို့လည်း ခေါ်ဆို နိုင်ပါတယ်။ ဖုန်းရဲ့ပုံပန်းသဏ္ဌာန် ကတော့ ထောင့်ဘက်စွန်းများတွင် အ၀န်းအ၀ိုင်းဖြင့် သေသပ်လှပသော ပုံစံ ရှိပါတယ်။ ဖုန်းရဲ့ အရွယ်အစားပမာဏသည် 153.6 × 75.5 × 8.2 mm ရှိကာအလေးချိန်သည် 163g ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်မှာ LTPS IPS LCD capacitive touchscreen အမျိုးအစားဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ပါ။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 1080 × 1920 ဖြစ်ပြီးတစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 403 ppi ပါ။ ဖုန်းကာကွယ်မှုအပိုင်းတွင်လည်း Dinorex T2X-1 scratch/shock resistant glass ပါရှိပါသေးတယ်။ Multitouch စနစ်တွင် Flyme UI ကိုသုံးစွဲနိုင်ပါမယ်။ အဓိကကင်မရာမှာ 13 MP, f/2.2 ဖြစ်ပြီး၊ Dual LED (Dual Tone) Flash ပါရှိပါသေးတယ်။ ရှေ့ကင်မရာငယ်ကတော့ 5 MP, f/2.0 စွမ်းရည်ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင် မယ့်စွမ်းရည်ကတော့ 1080p ဖြစ်ပြီး နှုန်းမှာတစ်စက္ကန့်ကို 30 Frames ဖြစ်ပါတယ်။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် နှစ်မျိုးနှစ်စားရှိ ပါတယ်။ ROM 16 GB ပါရှိပါက RAM မှာ 2GB ဖြစ်ပါတယ်။ RAM 3GB ဖြစ်လျှင် ROM မှာ 32GB ပါ။ Cardslot စနစ်ပါရှိသောကြောင့်လည်း မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲနိုင်ပါ သေးတယ်။ အသုံးပြုပေးထားသော Chipset အမျိုးအစား မှာ Mediatek MT 6755 Helio P 10 ဖြစ်ပါတယ်။ Finger Print Sensor လည်း ပါရှိပါ သေးတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ 4100mAh ဖြစ်ခြင်းကြောင့် ဖုန်းကိုအချိန်ကြာ မြင့်စွာသုံးစွဲနိုင်ပါလိမ့်မယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော ဖုန်းအမျိုးအစားပါ။ အသုံးပြုရမယ့် ဆင်းကတ် အမျိုးအစားကတော့ Nano SIM ဖြစ်ပါတယ်။

<Meizu M3 Max>

M3 Max ကတော့ ၂၀၁၆ ခုနှစ်စက်တင်ဘာလက ထွက်ရှိထားခြင်းဖြစ် ပါတယ်။ 2G, 3G, 4G Network များကိုအသုံးပြုနိုင်မယ့် ဟန်းဆက်ပါ။ M3 Max သည်လည်း ဆင်းကတ်နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်သော Dual SIM ဟန်းဆက်အမျိုးအစား ဖြစ်ပါ တယ်။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ် အရွယ်အစားကတော့ Nano SIM ပါ။ ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်အ၀န်းက 6 inches ရှိသောကြောင့်မျက်နှာပြင် ကျယ်ပြန့်သော ဟန်းဆက်အမျိုးအစားဖြစ်ပြီး Phablet အရွယ်ဟန်းဆက် များကို ကိုင်ဆောင်သုံးစွဲချင်သူများ အဆင်ပြေစေပါ လိမ့်မယ်။ မြင်ကွင်း စွမ်းရည်အပိုင်းတွင် ကြည်လင်ကောင်းမွန်သော ပုံရိပ်များကိုပေးစွမ်း နိုင်စေဖို့အတွက် 1080 × 1920 Pixels ပမာဏနဲ့ထောက်ပံ့ပေးထားပါ တယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 367ppi ပါ။ Multitouch စနစ်တွင် Flyme UI 5.2.5 ကို သုံးစွဲနိုင်ပါမယ်။ အဓိက ကင်မရာဟာ 13 MP, f/2.2 စွမ်းရည်ရှိပြီး Dual-LED(Dual Tone) Flash ပါရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP, f/2.0 စွမ်းရည်ရှိပါတယ်။ Active Noise Cancellation With Dedicated mic စနစ်လည်းပါရှိပါ တယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး ROM တွင် 64GB ပါရှိအောင် လုပ်ဆောင်ပေးထားပါတယ်။ Fingerprint စနစ်အသုံးပြုနိုင်မယ့်ယခုဖုန်းရဲ့ ဘက်ထရီစွမ်းအားမှာ 4100 mAh ဖြစ်ပါ တယ်။ ဘက်ထရီအားသွင်း မြန်ဆန်သော စနစ်လည်းပါရှိပါတယ်။

<Meizu M3e>

Meizu ရဲ့ M3e မှာ အသုံးပြုနိုင်မယ့် Network အမျိုးအစားမှာ 2G, 3G, 4G ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည် အရွယ် အစားပမာဏကတော့ 153.6× 75.8 × 7.9 mm ဖြစ်ကာအလေးချိန်မှာ 172g ရှိပါတယ်။ ဖုန်းမျက်နှာပြင် အတွက် IPS LCD Capacitive Touch Screen ကိုအသုံးပြုပေးထားပါ တယ်။ ဖုန်းမျက်နှာပြင် အကျယ်အ၀န်းကတော့ 5.5inches ရှိပြီးမြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏ မှာ 1080 × 1920 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆ ကတော့ 403ppi ပါ။ Multitouch စနစ်တွင် Flyme 5.2.1 ကိုသုံးစွဲနိုင် ပါမယ်။ Dual LED (Dual Tone) Flash အသုံးပြုနိုင်မယ့် အဓိကကင်မရာ ရဲ့ စွမ်းရည်ကတော့ 13 MP, f/2.2 ဖြစ်ပါတယ်။ ရှေ့ကင်မရာငယ်က တော့ MP, f/2.0 စွမ်းရည်ရှိပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်မှာ 1080p ဖြစ်ကာနှုန်းမှာတစ်စက္ကန့်ကို 30 Frames ဖြစ်ပါတယ်။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 32GB ပါရှိအောင် ဆောင်ရွက် ပေးထားပါတယ်။ အချက် အလက်အများအပြားသိမ်းဆည်းလိုပါက Cardslot စနစ်ကို အသုံးပြု၍ မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်အသုံးပြုရပါမယ်။
 
 Chipset အမျိုးအစား ကတော့ Mediatek MT 6755 Helio P 10 ပါ။ CPU စွမ်းရည်မှာ Octa core ဖြစ်ပြီး GPU ကတော့ Mali-T 860 MP2 ဖြစ်ပါတယ်။ Active Noise Cancellation with Dedicated Mic စနစ်လည်း ပါရှိပါတယ်။ အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ 3100 mAh ဖြစ်ပြီး ဘက်ထရီအားသွင်းမြန်ဆန်သော စနစ်လည်းပါရှိပါတယ်။ ဆင်းကတ် နှစ်ကတ် အသုံးပြုနိုင်မယ့်ဖုန်းအမျိုး အစားဖြစ်ပြီး ထည့်သွင်းအသုံးပြု ရမယ့် ဆင်းကတ်အရွယ်အစားကတော့ Nano Sim ပါ။
 




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com