6/11/2017

♪ " တယ်လီနောဆင်းကတ်ရွှေရောင် အထူးနံပါတ်များနှင့်အတူ ပရီမီယံနှင့် စတားအထူးနံပါတ်အလှများကို ကျပ် (5250) ဖြင့် ရရှိနိုင် " ♫

Image may contain: text

တယ်လီနောမြန်မာ၏ နံပါတ်အလှများကို မြန်မာနိုင်ငံရှိ သုံးစွဲသူများအတွက် အထူး သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရှိရသည်။ တယ်လီနော၏ ရွှေ၊ ပရီမီယံနှင့် စတားအထူးသီးသန့်နံပါတ်အလှများကိုပါ နံပါတ်တစ်ခုလျှင် 5,250 ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည် ဖြစ်သည်။

ရွှေရောင်အထူးနံပါတ်အလှများ၏ ပုံမှန်ဈေးနှုန်းသည် 157,500 ကျပ်ဖြစ်ပြီး ယခုကာလအတွင်း 95 ရာခိုင်နှုန်းကျော် သက်သာသောဈေးဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။ ပရီမီယံအထူးနံပါတ်အလှများ၏ ပုံမှန်ဈေးနှုန်းမှာ 52,500 ကျပ်ဖြစ်ကာ 90 ရာခိုင်နှုန်း သက်သာသောဈေးဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။ စတားအထူးနံပါတ်အလှများကို ယခင်ဈေးနှုန်းအတိုင်း တစ်ခုလျှင် 5,250 ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်သည်။ ထို့ပြင် အထူးသီးသန့်ဖြစ်သော ပလတ်တီနံနှင့် ပလတ်တီနံ Plus နံပါတ်အလှများကို 50 ရာခိုင်နှုန်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

ပလတ်တီနံ Plus အထူးနံပါတ်အလှများ၏ ပုံမှန်ဈေးနှုန်းမှာ 1,050,000 ကျပ်ရှိပြီး ယခုအရောင်းမြှင့်တင်သည့် ကာလအတွင်းတွင် နံပါတ်တစ်ခုလျှင် 525,000 ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်ပြီး ပုံမှန် 525,000 ကျပ်ဖြင့် ရောင်းချနေသည့် ပလတ်တီနံအထူးနံပါတ်အလှများကို နံပါတ်တစ်ခုလျှင် 262,500 ကျပ်ဖြင့် ရရှိနိုင်သည်။ အထူးနံပါတ်အလှများအားလုံးကို ဦးရာလူစနစ်ဖြင့် လျော့ဈေးကာလပြီးဆုံးမည့် ဇွန်လ 25 ရက် (သို့မဟုတ်) ပစ္စည်းလက်ကျန်ရှိသည့်အထိ ရောင်းချပေးသွားမည်ဖြစ်သည်။ 

 အထူးနံပါတ်အလှများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် အစီအစဉ်သည် လက်ရှိတွင် ကြိုတင်ငွေဖြည့်ကတ်စနစ် (Prepaid) ဖြင့် အသုံးပြုနေသည့် သုံးစွဲသူများအတွက်သာ အကျုံးဝင်မည်ဖြစ်ကာ တယ်လီနောသုံးစွဲသူများအနေဖြင့် အထူးနံပါတ်အလှများကို အနီးစပ်ဆုံး တယ်လီနောအရောင်းပြခန်းများ တွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com