6/11/2017

♪ “4000mAh Battery ပါတဲ့ Huawei Y7 Prime” ♫

Image may contain: phone

Huawei က ဟောင်ကောင်မှာ Y7 Prime ကိုကြေညာလိုက်ပြီးတရုတ်မှာ ရောင်းချထားတဲ့ Enjoy 7 Plus ရဲ့ ဗားရှင်းတစ်ခုဖြစ်မယ်လို့ ထင်ရပါ တယ်။ Y7 Prime ကို Vmall မှာဟောင်ကောင် ဒေါ်လာ ၁၈၈၀ ( ဒေါ်လာ ၂၄၀ ၀န်းကျင် ) ဖြင့် ရောင်းချပေးနေပြီးမကြာခင်မှာ Three ကနေ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Y7 Prime မှာ 4000mAh Battery တပ်ဆင် ထားပြီးဘက်ထရီသက်တမ်းအလွန် ကောင်းပါတယ်။

Huawei Y7 Prime ကိုသတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ၈.၃၅ မီလီမီတာအထူရှိပါတယ်။ ၅.၅ လက်မ HD IPS Display ကို 2.5D Glass ဖြင့် ကာကွယ်ထားပါတယ်။ Qualcomm Snapdragon 435 Chipset မောင်းနှင်မှာ ဖြစ်ပြီး A53 CPU ၈ လုံး ၊ Adreno 505 GPU ပါပါတယ်။ 3GB RAM , 32GB Internal Storage ထည့်သွင်းထားပါတယ်။

Huawei Y7 Prime မှာ Android 7.0 Nougat ကို EMUI 5.1 ဖြင့် ပေါင်းစပ်ထားပါတယ်။ အနောက်ဘက်မှာ 12MP Camera တပ်ဆင် ထားပြီး အလင်းဝင်ပေါက်မှာ f/2.2 ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8MP Selfie Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာက Full HD Video များကိုရိုက်ကူးနိုင်ပါတယ်။ ကင်မရာရဲ့ အောက်မှာလက်ဗွေရာ အာရုံခံကိရိယာတပ်ဆင်ထားပါတယ်။ Dual SIM Phone ဖြစ်ပြီး 4G LTE ကိုသုံးနိုင်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com