6/11/2017

♪ " iPhone 8 မှာ တွေ့မြင်ရဖွယ်ရှိတဲ့ နည်းပညာအချို့ " ♫

Image may contain: phone

ဒီနှစ်ကုန်မှာ ထွက်ရှိလာတော့မယ့် iPhone 8 မှာ iOS 11 ရဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ edge-to-edge OLED မျက်နှာပြင် အပါအဝင် ထူးခြားတဲ့ အချက်တော်တော်များများလည်း ပါဝင်လာမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အသစ်ထွက်ပေါ်လာမယ့် iPhone 8 မှာ home button နဲ့ touch ID ကို ရှေ့မျက်နှာပြင်မှာပဲ မြှုပ်ထားတာ ဒါမှမဟုတ် အနောက်ဖက်မှာရှိတယ်လို့ ယူဆကြပါတယ်။ မျက်လုံး၊ မျက်နှာတို့နဲ့ scan ဖတ်ပြီးဖွင့်ရတဲ့ Touch ID အသစ်ဖြစ်လာနိုင်ခြေလည်း ရှိနေပါတယ်။ ဘေးဘောင်မရှိသလောက်ဖြစ်လာမယ့် edge-to-edge OLED display နဲ့ True Tone နည်းပညာတွေ ပါဝင်လာမယ်လို့ သိရပါတယ်။

ဒါ့အပြင် LG ရဲ့ 3G ဆင်ဆာနည်းပညာဖြစ်တဲ့ facial recognition နည်းပညာ၊ airpods၊ ကြိုးမဲ့အားသွင်းစနစ် ၊ AR ပိုင်းကိုပါ ထောက်ပံ့ပေးနိုင်မယ့် dual lens ကင်မရာ၊ apple pencil၊ lightning connector နေရာမှာ USB-Type C အစရှိတဲ့ နည်းပညာတွေကိုလည်း တွေ့မြင်ရဦးမှာပါ။

Apple ရဲ့ နောက်ဆုံးထွက် processor တွေဖြစ်တဲ့ A 10 ဒါမှမဟုတ် A 11 ၊ stainless steel နဲ့ glass ကိုယ်ထည်၊ RAM 3 GB နဲ့ storage 64 GB ၊ iOS 11 အစရှိတာတွေနဲ့ ထွက်ပေါ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ 1000 ပတ်ဝန်းကျင်ရှိနိုင်တယ်လို့ သိရပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com