Snapdragon 835 processor အသုံးပြုထားတဲ့ အန်းဒရိုက်စမတ်ဖုန်းတွေထဲမှာဒီနေ့အထိတော့
HTC U 11 က ဈေးအသက်သာဆုံးလို့ ဆိုရမှာပါ။ အမေရိကန်ဒေါ်လာ 649
သတ်မှတ်ထားတဲ့ ဒီစမတ်ဖုန်းက LG G 6 နဲ့ ဈေးတူညီပြီး google ၊ apple ၊
samsungအစရှိတဲ့ စမတ်ဖုန်းတွေနဲ့ယှဉ်ရင် ဒေါ်လာ 200 နီးပါး
သက်သာတာတွေ့ရပါတယ်။
အကယ်၍ သင်က HTC fan တစ်ဦးဆိုရင်တော့ ဈေးနှုန်းသင့်ပြီးစွမ်းဆောင်ရည်မြင့်တဲ့
U 11 ကိုရွေးချယ် သင့်တယ်လို့ ဆိုထားပါတယ်။ HTC U 11 မှာ hands-free
အသုံးပြုရတာကို နှစ်သက်သူတွေ အတွက် အသံနဲ့ထိန်းချုပ် လုပ်ဆောင်နိုင်မယ့်
Amazon ရဲ့ Alexa ၊ video တွေကို ပရော်ဖက်ရှင်နယ်ကျကျ
ရိုက်ကူးတည်းဖြတ်နိုင်မယ့် 360 real-life recording နည်းပညာ၊
ကင်မရာကြီးတွေနီးပါးဓာတ်ပုံ
video ရိုက်ကူးနိုင်မယ့် UltraPixel ကင်မရာစွမ်းဆောင်ရည်၊
ဆူညံမှုလုံးဝ မရှိသလောက် ဖယ်ရှားပေးမယ့် အသံစနစ်၊ မှန်သားပြင်လို
ကြည်လင်တောက်ပနေတဲ့ ဖုန်းကာဗာနဲ့ မျက်နှာပြင် အစရှိတဲ့
ထူးခြားချက်မျိုးစုံလည်းပါဝ င်ပါတယ်။ အဖြူ၊ အနီ၊ ငွေရောင်၊အပြာနဲ့ အနက် အရောင်ငါးမျိုးရနိုင်ပြီးမျ က်နှာပြင်
5.5 လက်မ၊ 2560×1440 pixel resolution ၊ 3D Gorilla Glass 5 ပါဝင်တဲ့
super LCD 5 မျက်နှာပြင် ပါဝင်ပါတယ်။ အန်းဒရိုက် 7.1 Nougat အခြေခံ HTC
sense ပါဝင်လာမှာဖြစ်ပြီး RAM 4GB နဲ့ storage က 64 GB အသုံးပြုထားပါတယ်။
ရေစိုဒဏ်နဲ့ ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့ IP67 ပါဝင်ပြီးကင်မရာက 12 MP UltraPixels 3 နဲ့ ရှေ့ကင်မရာက 16 MP သုံးထားပါတယ်။ 153.9×75.9×7.9mm ရှိပြီး 169 g အလေးချိန်ရှိပါတယ်။ ဘက်ထရီခံနိုင်ရည်ကတော့ 3000 mAh ပါ။ လက်ရှိမှာပရီအော်ဒါ လက်ခံနေပြီးမကြာခင်ရက်ပိုင်းအတွင်း ဈေးကွက်ထဲကိုရောက်ရှိလာတော့ မှာ ဖြစ်ပါတယ်။
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
အကယ်၍ သင်က HTC fan တစ်ဦးဆိုရင်တော့ ဈေးနှုန်းသင့်ပြီးစွမ်းဆောင
ရေစိုဒဏ်နဲ့ ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့ IP67 ပါဝင်ပြီးကင်မရာက 12 MP UltraPixels 3 နဲ့ ရှေ့ကင်မရာက 16 MP သုံးထားပါတယ်။ 153.9×75.9×7.9mm ရှိပြီး 169 g အလေးချိန်ရှိပါတယ်။ ဘက်ထရီခံနိုင်ရည်ကတော့ 3000 mAh ပါ။ လက်ရှိမှာပရီအော်ဒါ လက်ခံနေပြီးမကြာခင်ရက်ပိုင်
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/