6/11/2017

♪ " iOS 11 Vs Android O " တို့ကိုနှိုင်းယှဉ်ကြည့်ရအောင် ♫

Image may contain: text

Apple က မိတ်ဆက်လိုက်တဲ့ iOS 11 နဲ့ google ရဲ့ အသစ်ထွက် Android O တို့ကယှဉ်ပြိုင်ရွေးချယ်စရာဖြစ်လာနေပါတယ်။ ဒီနှစ်ခုရဲ့ လုပ်ဆောင်ချက်တွေအားလုံးကို ခြုံကြည့်ရင်တော့ Android O ကို အနိုင်ပေးရမှာဖြစ်ပြီးဘယ်လိုအချက်တွေမှာ Android O က သာလွန်စေခဲ့တယ်ဆိုတာလေ့လာကြည့်ရအောင်ပါ။ AI - Google အနေနဲ့ AI(Artificial Intelligent) ပိုင်းမှာ apple ထက်သာလွန်နေပြီး google assistant က သက်သေတစ်ခုပါပဲ။

Android O မှာ ပါဝင်လာမယ့် picture-in-picture ဆိုတဲ့ ဓာတ်ပုံတစ်ပုံရှိရုံနဲ့ အရာအားလုံးလုပ်ဆောင်ပေးနိုင် တဲ့ နည်းပညာနဲ့ apple ရဲ့ iMessageနည်းပညာ ၊ apple pay အစရှိတာတွေယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ Voice assistant - အသံပိုင်းဆိုင်ရာနဲ့ ခိုင်းစေနိုင်တဲ့ voice assistant နည်းပညာအရဆိုရင်လည်း google assistant မှာပါဝင်လာတဲ့ Google lens၊ Google Voice နဲ့ Google Now တို့က Apple ရဲ့ Siri ထက် သာလွန်တယ်လို့ ဆိုထားပါတယ်။ Message - ဒီအပိုင်းမှာတော့ apple pay အပါအဝင် all-in-one အသုံးပြုနိုင်တဲ့ iMessage က အန်းဒရိုက် ရဲ့ ကွဲပြားနေတဲ့ messaging app တွေကိုကျော်လွန်နိုင်ခဲ့ပါတယ်။

Software and Hardware - ဒီနေရာမှာတော့ ဖုန်းတွေရဲ့ လုပ်ဆောင်ချက်ကိုနှစ်ဆနီးပါးမြှင့်ပေးနိုင်တဲ့ Android O က သာလွန်တယ်လို့ ဆိုရမှာပါ။ Apple ရဲ့ iOS 11 မှာဒီလိုတိကျတဲ့ တိုးတက်မှုမျိုးထုတ်ဖော်ပြသထားတာမျိုးမတွေ့ရပါဘူး။ အိုင်ဖုန်းအသစ်ရဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲမူတည်ဆုံးဖြတ်နိုင်မှာပါ။ Design - OS အခင်းအကျင်းဒီဇိုင်းပိုင်းမှာတော့ iOS 11 က အနိုင်ရရှိမှာဖြစ်ပါတယ်။ apple ရဲ့ lock screen ၊ control center ၊ Siri နဲ့ app store လုပ်ဆောင်ချက်တွေက android O ကို နောက်ကျန်စေခဲ့မှာပါ။ AR and VR - အန်းဒရိုက်အနေနဲ့ Google Daydream ကို VR အတွက် လုပ်ဆောင်နေပြီး AR ပိုင်းအတွက် Tango ဆိုတဲ့ ပရော့ဂျက်ကိုအကောင်ထည်ဖော်နေပါတယ်။

ဒီ ARkitတွေကို 2017 နှစ်ကုန်ပိုင်းမှာကြေညာမယ်လို့ ခန့်မှန်းရပါတယ်။ Apple အနေနဲ့ AR / VR ပိုင်းမှာနောက်ကျနေပေမယ့် အသစ်ထွက်လာမယ့် အိုင်ဖုန်းကင်မရာမှာ AR လုပ်ဆောင်ချက်တွေ ပံ့ပိုးနိုင်လာရင်တော့ google ကိုကျော်တက်နိုင်မှာပဲ ဖြစ်ပါတယ်။ Google နဲ့ Apple ရဲ့ ပြိုင်ဆိုင်မှု ကနောက်ထပ်ထွက်ရှိလာမယ့် Android OS နဲ့ iOS တွေရဲ့ လုပ်ဆောင်ချက်တွေ ၊ တီထွင် ဆန်းသစ်မှုတွေပေါ် မူတည်ပြီး ပြင်းထန်နေဦးမှာပါ။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com