6/08/2017

♪ “Asus က ကမ္ဘာ့ အပါးလွှာဆုံး Tablet, Laptop နှစ်မျိုးသုံး ကွန်ပျူတာကို ပြသ” ♫

No automatic alt text available.

Asus က Computex 2017 မှာ ZenBook Flip S ကို မိတ်ဆက်လိုက်ပါ တယ်။ ကွန်ပျူတာဟာ တက်ဘလက်၊ လက်တော့ နှစ်မျိုးသုံးထဲမှာ ကမ္ဘာမှာ အပါးလွှာဆုံးဖြစ်လာပါတယ်။ ZenBook Flip S ဟာ ၁၀.၉ မီလီမီတာ အထူရှိပြီး Apple MacBook ဟာ ၁၇ မီလီမီတာ အထူရှိပါ တယ်။ ZenBook Flip S ဟာ Apple MacBook ထက် ၂၀ ရာခိုင်နှုန်း ပိုမိုပါးလွှာတာ ဖြစ်ပါတယ်။

Asus ZenBook Flip S မှာ ၁၃.၃ လက်မ ထိတွေ့ မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင်ကို ၃၆၀ ဒီဂရီ ခေါက်ချိုး အသုံးပြုနိုင်တဲ့အတွက် လက်တော့လိုပါ သုံးနိုင်ပါတယ်။ ၁.၁ ကီလိုဂရမ် အလေးချိန်သာ ရှိပြီး Apple MacBook ထက် ပေါ့ပါးပါတယ်။ Asus ZenBook Flip S ကို ၁၀၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ လက်တော့ မှာ လက် ဗွေရာ အာရုံခံကိရိယာ တပ်ဆင်ထားပြီး မျက်နှာပြင်မှာ 4K Display ဖြစ်ပါတယ်။

USB-C Port နှစ်ခု တပ်ဆင်ထားပြီး ဒေတာ ကူးပြောင်းခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် လျင်မြန်ပါတယ်။ Core i7 Processor ရဲ့ စွမ်းအင်စားသုံးမှု နည်းပါးခြင်းကြောင့် ၁၁.၅ နာရီ အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဒါပေမယ့် Asus က ထည့်သွင်း ထားတဲ့ Chip Model ကို အတိအကျ မပြောသေးပါဘူး။ Asus က ပွဲမှာ အခြားလက်တော့ 4 လုံးကိုလည်း ပြသခဲ့ပါတယ်။ ZenBook 3 Deluxe, ZenBook Pro, VivoBook S နဲ့ VivoBook Pro တို့ ဖြစ်ပါတယ်။ VivoBook S ကတော့ ဈေးအသက်သာဆုံး ဖြစ်ပြီး ၄၉၉ ဒေါ်လာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal









<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com