6/08/2017

♪ ကျောဘက်ကင်မရာနှစ်ခုနဲ့ Android 7.1 Nougat ပါဝင်တဲ့ OPPO R11 ♫


OPPO R9s နေရာဆက်ခံမယ့် R11 စမတ်ဖုန်းသစ်ကို OPPO က တရားဝင်မိတ်ဆက် ကြေညာလိုက်ပါတယ်။ ဒီစမတ်ဖုန်းကို တရုတ်နိုင်ငံမှာ ဇွန်လ ၁၀ ရက်ကစတင်ပြီး ရောင်းချဖို့ စီစဉ်ထားပါတယ်။

OPPO R11 မှာ ၅.၅ လက်မ AMOLED Full HD display ပါဝင်ပါတယ်။ Android 7.1 Nougat နဲ့ အသုံးပြုနိုင်ပြီး Qualcomm Snapdragon 660 processor ကို အသုံးပြုထားပါတယ်။ RAM က 4GB ဖြစ်ပြီး onboard storage က 64GB ဖြစ်ပါတယ်။ ဘက်ထရီ 2,900mAh ဖြစ်ပြီး fingerprint sensor ကို ထည့်သွင်းပေးထားပါတယ်။ အရောင်တွေအနေနဲ့ gold, rose gold, black တို့နဲ့ ရရှိနိုင်ပါတယ်။

ကျောဘက်မှာတော့ 20MP sensor + 16MP sensor dual camera setup ပါဝင်ပါတယ်။ ဓာတ်ပုံတွေကို အနီးကပ်ရိုက်တဲ့အခါမှာ ပိုမိုကောင်းမွန်စေဖို့အတွက် 2x optical zoom ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် ဓာတ်ပုံရဲ့ main focus အနောက်က background ကို ဝါးပေးမယ့် Portrait mode ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အရှေ့ဘက် selfie ကင်မရာကတော့ 20MP sensor ဖြစ်ပါတယ်။

R11 ရဲ့ဈေးနှုန်းကို OPPO က မထုတ်ပြန်ခဲ့ပေမယ့် ကောလာဟလသတင်းတွေကတော့ ၄၈၅ ဒေါ်လာ ကျသင့်မယ်လို့ ဖော်ပြခဲ့ပါတယ်။


-နောင်နောင်



Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com