6/08/2017

♪ iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက် ၆ ခု ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/06/ios_11_wish_list_thumb800.png?fit=800%2C450&ssl=1

Apple က World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်လိုက်ပါတယ်။ iOS 11 မှ Siri ဟာ တကယ့်လူလို လေ့လာသင်ယူနိုင်လာပါပြီ။ ဒါ့အပြင် ဒီဇိုင်းဆန်းသစ်ထားတဲ့ Control Center နဲ့ App Store ၊ iMessage ကနေ ငွေလွှဲနိုင်တဲ့ Apple Pay စွမ်းဆောင်ချက် အသစ် စတာတွေလည်း ပါဝင်လာပါတယ်။ ARKit အသစ်ဖြင့် Augmented Reality ကို သူတို့ရဲ့ Apps များမှာ Developer များက ထည့်သွင်းနိုင်ပါပြီ။ ဒါ့အပြင် အခြား စွမ်းဆောင်ချက်များစွာလည်း ပါလာပါတယ်။ အဲဒီအထဲကမှ WWDC မှာ ကြေညာသွားတဲ့ iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက် ၆ ခုကို ဖော်ပြလိုက်ပါတယ်။

Siri ရဲ့ သဘာဝကျတဲ့ အသံ
iOS 11 မှာ Siri ရဲ့ အသံဟာ သဘာဝ ပိုကျလာပါတယ်။ Apple က Followup Question များနဲ့ သင့်ရဲ့ မေးခွန်းများအတွက် အဖြေများကို ပြသပေးတဲ့ Siri ရဲ့ Interface ကိုလည်း ပြောင်းလဲထားပါတယ်။ ဒါ့အပြင် Siri ဟာ အင်္ဂလိပ်ကနေ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ စပိန် စကားများကို ဘာသာပြန်ပေးနိုင်ပါပြီ။ ဒီစွမ်းရည်ဟာ Beta အဆင့်သာ ရှိသေးပြီး လာမယ့်လများမှာ ဘာသာစကား အသစ်များ ထပ်ထည့်ပေးမှာပါ။
iOS Apps များအကြားမှာလည်း Siri က ချိတ်ဆက်လုပ်ဆောင်ပေးနိုင်လာပါတယ်။ ဥပမာအားဖြင့် Safari မှာ Iceland ကို ရှာဖွေထားရင် သူနဲ့ ပတ်သက်တဲ့ သတင်းများကို News App မှာ Siri က ပြသပေးမှာ ဖြစ်ပါတယ်။ သင့်ထံ ငွေတောင်းတဲ့ စာဝင်လာရင် Siri က အဲဒီ ငွေပမာဏကို iMessage ရဲ့ Apple Pay ကနေ လွှဲပေးဖို့ အကြံပေးမှာပါ။ Apple က အခြား Apps များနဲ့ Siri တွဲဖက်လုပ်ဆောင်ဖို့အတွက် SiriKit ကိုလည်း တိုးချဲ့ဖန်တီးပေးလိုက်ပါတယ်။ အခုဆိုရင် Evernote မှာ မှတ်သားဖို့ Siri ကို ခိုင်းနိုင်ပါပြီ။

တိုးတက်လာတဲ့ Messages
iOS 10 မှာ မိတ်ဆက်ခဲ့တဲ့ iMessage App ဟာ အသုံးပြုရတာ ရှုပ်ထွေးပြီး စာများ ရှာရတာလည်း ခက်ခဲပါတယ်။ iOS 11 မှာတော့ App အသစ်များ ရှာဖွေခြင်း၊ App များ ပြောင်းသုံးခြင်းများအတွက် ပိုမို လွယ်ကူအောင် iMessage App Drawer ကို အဆင့်မြှင့်ထားပါတယ်။ Message ရဲ့ နောက်ထပ် စွမ်းဆောင်ချက် အသစ်မှာ iCloud Syncing ဖြစ်ပြီး သင် iOS Device အသစ်တစ်ကို Signin လုပ်တာနဲ့ သင့်ရဲ့ Message များကို Device အသစ်မှာ မြင်ရမှာပါ။

Apple Pay ဖြင့် ငွေလွှဲပါ။
Apple က iOS 11 မှာ App အချို့ကနေ Apple Pay ဖြင့် ငွေပေးချေနိုင်အောင် ဖန်တီးပေးလိုက်ပါတယ်။ ဒါ့အပြင် Safari ကနေ တစ်ဆင့် အွန်လိုင်း စတိုးများ၊ မြေပြင် စတိုးများမှာပါ ငွေပေးချေနိုင်ပါပြီ။ Apple က ဒီနှစ်ကုန်မှာ အမေရိကန် စတိုးဆိုင်များရဲ့ ၅၀ ရာခိုင်နှုန်းမှာ Apple Pay ကို သုံးနိုင်မယ်လို့ ပြောပါတယ်။ iOS 11 မှာ Messages ကနေ Contacts များထံ Apple Pay ကနေ ငွေပေးနိုင်ပါပြီ။ ငွေလက်ခံရသူရဲ့ Wallet App မှာ ငွေများကို သိမ်းပေးထားမှာ ဖြစ်ပြီး အခြားလူများထံ Apple Pay ကနေ ငွေပေးခြင်း၊ ဘဏ်အကောင့်ထဲသို့ ပြောင်းရွှေ့ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ Apple Pay ရဲ့ Peer-to-Peer Transaction ကို iOS 11 နဲ့ watchOS 4 မှာ သုံးနိုင်ပါပြီ။

Apple Maps
Apple က iOS 11 မှာ Maps App ကို တိုးတက်အောင် ဖန်တီးထားပါတယ်။ အခုဆိုရင် Maps က Indoor ထဲမှာပါ လမ်းညွှန်နိုင်ပါပြီ။ အဲဒီအတွက် ဈေးဝယ်စင်တာများ၊ လေဆိပ်များမှာ ရှိတဲ့ အထပ်များရဲ့ သတင်းအချက်အလက် အသေးစိတ်ကို သိနိုင်ပါပြီ။ ကားမောင်းစဉ်မှာ Maps ကို သုံးရင် Speed Limit ကို ပြသပေးပါတယ်။

ကားမောင်းခြင်းနဲ့ ပတ်သက်တဲ့ အခြား Maps စွမ်းဆောင်ချက်တစ်ခုမှာ “ Do Not Disturb While Driving “ Mode ဖြစ်ပြီး သင့် iPhone က သင်ကားမောင်းနေရင် Do Not Disturb Mode ကို အလိုအလျှောက် ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကားမောင်းစဉ်မှာ Notification များ ၊ ဖုန်းခေါ်ဆိုမှုများလို အနှောင့်အယှက်များကို သင် မကြားရတော့ပါဘူး။

Augmented Reality
Tim Cook က Augmented Reality ကို အလွန် စိတ်လှုပ်ရှားကြောင်း ဒီတစ်နှစ်လုံး ပြောနေခဲ့တာပါ။ iOS 11 မှာ Apple က AR စွမ်းရည်ကို iOS Apps များမှာ ထည့်သွင်းနိုင်မယ့် ARKit ကို ဖန်တီးပေးလိုက်ပါတယ်။ ARKit ဖြင့် ဖန်တီးထားတဲ့ Apps များဟာ မြင်ကွင်းများကို ခွဲခြမ်းစိတ်ဖြာဖို့ ကွန်ပြူတာ အမြင်ကို သုံးနိုင်ပြီး သုံးဖက်မြင် ပုံရိပ်များကို အချိန်နဲ့ တစ်ပြေးညီ ထည့်သွင်းနိုင်ပါတယ်။

iPad Productivity Features
Apple က iPad အတွက် သီးခြား ဖန်တီးထားတဲ့ iOS 11 စွမ်းဆောင်ချက်များကိုလည်း ပြသလိုက်ပါတယ်။ macOS နဲ့ ဆင်တူတဲ့ App Dock အသစ်ပါလာပြီး App တစ်ခုကို စကရင်ရဲ့ ညာဘက်ထောင့်စွန်းသို့ ဖိဆွဲ၍ Slide Over အဖြစ် ဖွင့်နိုင်ပါတယ်။ App နှစ်ခုကို တစ်ပြိုင်နက် သုံးဖို့ Split View အဖြစ် Slide Over ကို Lock လုပ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ Split View မှာ App နှစ်ခုအကြားတွင် Drag & Drop လုပ်နိုင်တာ ဖြစ်တဲ့အတွက် ဖိုင်များ၊ ဓါတ်ပုံများ၊ စာများ ပေးပို့ရာမှာ ပိုမိုလျှင်မြန်လာပါတယ်။

Apple က Mac နဲ့ တူတဲ့ ခံစားမှုများ ရစေဖို့ iPad အတွက် Files App ကို ဖန်တီးပေးလိုက်ပါတယ်။ iCloud, Dropbox, Google Drive နဲ့ အခြား Cloud App များမှ ဖိုင်များကို သူ့မှာ ပြသပေးထားပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com