6/14/2017

♪ " (6) လက်မ မျက်နှာပြင် 4000 mAh ဘက်ထရီနဲ့ ထွက်ရှိလာမယ့် OPPO R11 Plus " ♫

Image may contain: phone and screen

တရုတ်စမတ်ဖုန်းကုမ္ပဏီ OPPO အနေနဲ့ OPPO R11 စမတ်ဖုန်းမိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ (6) လက်မ မျက်နှာပြင် 4000 mAh ဘက်ထရီတို့ ပါဝင်မယ့် OPPO R11 Plus ကို ထပ်မံရောင်းချတော့မှာ ဖြစ်ပါတယ်။ OPPO R11 Plus ကို ယခုလအတွင်း တရုတ်ပြည်တွင်းမှာ ပဲ ရောင်းချပေးသွားမယ်လို့ ယူဆရပါတယ်။

တရုတ်ပြည်ပြင်ပမှာ ရောင်းချမှု ရှိ ၊ မရှိကိုတော့ ကုမ္ပဏီဘက်က ပြောကြားခြင်းမရှိပါဘူး။ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ OPPO R11 Plus က OPPO R11 နဲ့ ကွာခြားမှုတွေရှိနေတာ တွေ့ရပါတယ်။ OPPO R11 Plus မှာ (6) လက်မ Full HD (1080×1920 pixels) AMOLED မျက်နှာပြင်အသုံးပြုထားပြီး ဘက်ထရီခံနိုင်ရည်အား 4000 mAh ရှိတာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ကိုယ်ပိုင်အားသွင်းမြန်စနစ် VOOC လည်းပါဝင်မှာဖြစ်ပြီး Qualcomm Snapdragon 660 SoC အသုံးပြုလာမယ်လို့ သိရပါတယ်။ Sim ကတ်နှစ်ကတ်အသုံးပြုနိုင်ပြီး Android 7.1.1 Nougat အခြေခံ Color OS 3.1 ၊ RAM 6GB နဲ့ storage 64 GB ရှိမှာဖြစ်ပါတယ်။ R11 တုန်းက RAM 4GB ပဲ ပါဝင်ခဲ့တာပါ။

ဆယ်ဖီဦးစားပေးကင်မရာဖြစ်တာကြောင့် ရှေ့ကင်မရာအတွက် f/2.0 aperture အသုံးပြုထားတဲ့ 20MP ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ Dual ကင်မရာတပ်ဆင်ထားပြီး f/1.7 aperture ပါဝင်တဲ့ 16 MP နဲ့ 20 MP ကင်မရာ 2 လုံးရဲ့ စွမ်းဆောင်ရည်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ဆစွမ်းဆောင်နိုင်တဲ့ optical zoom ၊ Qualcomm spectra ISP ၊ portrait mode ၊ Bokeh effect နဲ့ အခြားသောလုပ်ဆောင်ချက်တွေလည်း ပါရှိဦးမှာပါ။ 7.8mm အထူရှိပြီး 188g အလေးချိန်ရှိတဲ့ Oppo R11 Plus ရဲ့ဈေးနှုန်းကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com