6/14/2017

♪ " Samsung က Pirates of the Caribbean-Themed Galaxy S8 ကို ရောင်းပြီ " ♫


Samsung က ဟောလီးဝုဒ်မှ ရုပ်ရှင်ထုတ်လုပ်သူများနဲ့ ပူးပေါင်း၍ ရုပ်ရှင်ချစ်သူများအတွက် အထူးထုတ် စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချပေးလေ့ ရှိပါတယ်။ ယခင်ကလည်း Iron Man-Themed Smartphone ကို ဖန်တီးရောင်းချပေးခဲ့ပြီး အခုလည်း Pirates of the Caribbean-Themed Galaxy S8 ကို ရောင်းချပေးလိုက်ပါတယ်။

လက်ရှိမှာ တရုတ်တွင်သာ အကန့်အသတ်ဖြင့် ရောင်းချပေးနေပြီး 880 ဒေါ်လာ သတ်မှတ်ထားပါတယ်။ မူလမော်ဒယ်မှာလို 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ အခြား Specifications များကလည်း မူလမော်ဒယ်နဲ့ တူညီပါတယ်။ Pirates of the Caribbean-Themed Galaxy S8 ဟာ အနက်ရောင်ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းမှာ Pirates of the Caribbean-Themed Galaxy S8 ဟာ မူလ Galaxy S8 နဲ့ တူညီပါတယ်။ သူ့မှာ Pirates of the Caribbean: Dead Men Tell No Tales theme ကိုသာ အသုံးပြုထားပါတယ်။

စမတ်ဖုန်းထည့်ထားတဲ့ ဘူးခွံကို ရတနာသေတ္တာစတိုင် ဖန်တီးထားပါတယ်။ ဘူးခွံမှာ Pirates of the Caribb­ean Logo ပါပြီး ဘူးထဲမှာ လိုဂိုပါတဲ့ Case နဲ့ စမတ်ဖုန်းကို ထည့်ပေးထားပါတယ်။ အထူးပြုလုပ်ထားတဲ့ Phone Ring Holder တစ်ခုလည်း ပါပါတယ်။ JD.com အွန်လိုင်းစတိုး ကနေ ရောင်းချပေးနေပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com