6/14/2017

♪ " 5.3 လက်မမျက်နှာပြင် Snapdragon 835 နဲ့ ထွက်ရှိလာမယ့် Nokia 9 " ♫


Nokia 9 လို့ ယူဆရတဲ့ စမတ်ဖုန်းက FCC ရဲ့ စစ်ဆေးမှုကိုကျော်ဖြတ်နိုင်ခဲ့ပြီး Snapdragon 835 မျက်နှာပြင် 5.3လက်မနဲ့ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။ ဒီမတိုင်ခင်က HMD global ရဲ့ Nokia 9 စမတ်ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တစ်ချို့ ထွက်ပေါ်ခဲ့ပါသေးတယ်။

အဲ့ဒီတုန်းကလည်း Snapdragon 835 chipset ၊ RAM 4 GB နဲ့ 8GB ဆိုပြီး သတင်းထွက်ခဲ့တာပါ။ အခုအချိန်မှာတော့ FCC certification မှာ ပါဝင်တဲ့ အချက်အလက်တွေ ကိုပါ ဖြည့်စွက် နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထပ်မံထွက်ရှိလာတဲ့ အချက်အလက်တွေက အရေးပါတဲ့ အချက်တွေတော့ မဟုတ်ပါဘူး။


TA-1004 ကုတ်နံပါတ်နဲ့ Nokia 9 မှာ NFC၊ bluetooth 4.2 ၊ 5.3 လက်မ QHD မျက်နှာပြင်၊ storage 64 GB နဲ့ main ကင်မရာ 13 MP ပါဝင်လာမယ်လို့သိရပါတယ်။ GSM ရော CDMA ကိုပါ ထောက်ပံ့ပေးနိုင်တဲ့ Nokia 9 ရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ 700 နီးပါး ရှိမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
  www.pyaephyo.com