6/10/2017

♪ LG G6 Plus နဲ့ G6 Pro ကို ဇွန် (၂၇) မှာ မိတ်ဆက်မည် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/06/yu.jpg?fit=800%2C450&ssl=1

LG အနေနဲ့ ၄င်းရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်းဖြစ်တဲ့ G6 ရဲ့ version အသစ် စမတ်ဖုန်း (၂) မျိုး (G6 Plus နဲ့ G6 Pro) ကို ထပ်မံ ထုတ်လုပ်ဖို့ရှိကြောင်း မကြာသေးခင်က ကြေညာခဲ့ပါတယ်။ အခုလည်း LG က ဒီစမတ်ဖုန်း (၂) လုံးကို တရားဝင်မိတ်ဆက်မယ့်နေ့ရက်ကိုပါ ကြေညာလိုက်ပါပြီ။

LG G6 Plus နဲ့ G6 Pro တို့ကို ဇွန်လ (၂၇) ရက်နေ့မှာ တောင်ကိုးရီးယား ပြည်တွင်းမှာ Launch လုပ်မှာဖြစ်ပြီး ဒီ စမတ်ဖုန်း (၂) လုံး ရဲ့ specs တွေဟာ G6 နဲ့ အတော်လေး ကွာခြားလာမယ်ဆိုတာကလွဲလို့ ဘာအချက်အလက်မှ ထွက်ပေါ်မလာသေးပါဘူး။

ကောလာဟလတွေအရတော့ LG G6 Plus မှာ 128GB storage ပါဝင်လာမှာဖြစ်ပြီး G6 Pro မှာတော့ 32GB storage သာပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီစမတ်ဖုန်း (၂) လုံးရဲ့ Specs အချက်အလက်အသေးစိတ်ကိုသိရဖို့အတွက်တော့ LG ရဲ့ တရားဝင် ထုတ်ပြန် ကြေညာမှုကို စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။



Credit to ==>> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com