6/17/2017

♪ Asus Zenfone 3 ZE552KL Price » 399,000 Ks ♫

Image may contain: phone and text

Asus Zenfone 3 ZE552KL ဟာ ၄င်းရဲ့လှပတဲ့ကိုယ်ထည်ထဲမှာ အလယ်အလတ်တန်းစား specifications တွေကို ထည့်သွင်းပေးထားတဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ Cheap-But-Good ဖုန်းအမျိုးအစားဖြစ်တာကြောင့် ဈေးနှုန်းသက်သက်သာသာနဲ့ အရည်အသွေးမြင့်ဖုန်းကို ကိုင်တွယ်နိုင်ပါ တယ်။ 

၎င်းရဲ့လှပတဲ့ဒီဇိုင်းပုံစံ၊ အသုံးပြုထားတဲ့ပစ္စည်းကောင်းတွေကြောင့် ဆွဲဆောင်မှုရှိသလို ကြည့်လိုက်တာနဲ့ အဆင့်မြင့်စမတ်ဖုန်းမှန်းသိသာစေနိုင်ပါတယ်။ ဒါ့အပြင် ကင်မရာစွမ်းအားကလည်း တခြားသူထက်ဈေးကြီးတဲ့ စမတ်ဖုန်းတွေထက် ပိုမိုကောင်းမွန်ပါတယ်။ ဖုန်း memory ပေါ်မူတည်ပြီး version၂ မျိုးကို ထုတ်လုပ်ပေးထားပါတယ်။ GSM ၊ HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Micro SIM နဲ့ Nano SIM card 2card ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်တဲ့ Dual SIM စနစ်ကို ထောက်ပံ့ပေးထားပါတယ်။ 


ဖုန်းအရွယ်အစားက 152.6 x 77.4 x 7.7 mm ရှိပြီး 155g အလေးချိန်လေးပါတယ်။ မျက်နှာပြင်ရော နောက်ကျောဘက်ကိုရော Corning Gorilla Glass တွေနဲ့ ဖုံးအုပ်ပေးထားတာကြောင့် အကြမ်းခံနိုင်ပြီး အဆင်းရာထင်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ မျက်နှာပြင်အကျယ်က ၅ လက်မခွဲရှိပြီး Super IPS+ capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားတဲ့အတွက် မြင်ကွင်းတွေကို ကြည်လင်ပြတ်သားစွာတွေ့မြင်နိုင်ပြီး မြင်ကွင်းစွမ်းအားအနေနဲ့ 1080 x 1920 pixels ကို ပေးစွမ်းနိုင်ပါတယ်။ 



၁ လက်မမှာရှိတဲ့ သိပ်သည်းဆပမာဏကတော့ ~401 ppi pixels ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ ထည့်သွင်းပေးထားတဲ့ multitouch စနစ်ကလည်း တစ်ပြိုင်နက်တည်း လက်ချောင်း ၁၀ ချောင်းအထိ ထိတွေ့ထိန်းချုပ်နိုင်တာကြောင့် လုပ်ဆောင်ချက်တွေမှာ လျင်မြန်နိုင်ပြီး ဂိမ်းကစားရတာ လည်း အလွန်အဆင်ပြေပါတယ်။ အထဲမှာ Android OS, v6.0.1 (Marshmallow) ကို run ပေးထားပြီး Asus ZenUI 3.0 ဆိုတဲ့ User Interface ကို သုံးထားပါတယ်။ နောက်ကျောဘက်မှာ ပါရှိတဲ့ fingerprint sensor က ဖုန်းလုံခြုံရေးပိုင်းကို အထူးကာကွယ်ပေးနိုင်ပါတယ်။ USB Type-C, v2.0 ကို ထည့်သွင်းထားပြီး Bluetooth စနစ်က v4.2 , A2DP, EDR နဲ့ LE တို့ပဲဖြစ်ပါတယ်။


FM radio စနစ်လည်း ပံ့ပိုးပေးထားပြီး စပီကာအသံကလည်း အရည်အသွေးမြင့်မားပါတယ်။ ကင်မရာ စွမ်းအားပိုင်းကလည်းကောင်းမွန်ပြီး အနောက်ကင်မရာက 16 MP resolution ရှိတဲ့ ဓာတ်ပုံတွေနဲ့ 30fps မှာ 2160p အရည်အသွေးရှိတဲ့ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် 4-axis Optical Image Stabilization စနစ်ကြောင့် အလင်းရောင်အားနည်းတဲ့နေရာတွေမှာလည်း ထင်ရှားတဲ့ဓာတ်ပုံ တွေကိုရိုက်နိုင်သလို လက်မငြိမ်မှုကြောင့်ဖြစ်တဲ့ ဓာတ်ပုံေ၀၀ါးခြင်းတွေကိုလည်း လျှော့ချပေးနိုင်ပါ တယ်။ အရှေ့ကင်မရာက 8MP ရှိပြီး Asus Beauty Mode က အလှပဆုံး selfie ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ မျက်လုံးတွေကို ပိုမိုကြီးမားတောက်ပအောင်ပြုလုပ်နိုင်ပြီး မျက်နှာကိုသွယ်သွားအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

ဖုန်းတစ်လုံးရဲ့အဓိကအရေးကြီးဆုံးဖြစ်တဲ့ စက်စွမ်းဆောင်ရည်ပိုင်းကို Qualcomm MSM8953 Snapdragon 625 chipset ၊ Octa-core 2.0 GHz Cortex-A53 processor တို့နဲ့ အားဖြည့်ပေး ထားပြီး Adreno 506 graphics card ရဲ့အထောက်အပံ့တွေကိုလည်းရယူနိုင်ပါတယ်။ Snapdragon 820 chip ထည့်သွင်းထားတဲ့ flagship ဖုန်းလောက်တော့ စွမ်းအားမကောင်းပေမယ့် Asphalt 8 နဲ့ Pokemon Go ဂိမ်းတွေကို အဆင်ပြေပြေကစားနိုင်ပါတယ်။ 


Internal memory 32GB ၊ RAM 3GB နဲ့ 64GB ၊ RAM ၊ 4GB ဆိုတဲ့ version 2 မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပြီး အပို data တွေအတွက် micro SD card ကို 256 GB အထိ ထပ်မံတိုးချဲ့စိုက်သုံးနိုင်ပါသေးတယ်။ ဒါကြောင့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေထောင်ပေါင်းများစွာကို ထည့်သိမ်းထားနိုင်ပါတယ်။ ဒီလိုသုံးစွဲလို့ အဆင်ပြေတဲ့ specs တွေနဲ့ features တွေကြောင့် Asus Zenfone 3 ကို အလွန်လူကြိုက်များကြပါတယ်။

Battery Life
>>>>><<<<<

ထောက်ပံ့ပေးထားတဲ့ Non-Removable Li-Ion 3000 mAh Battery က ဖုန်းပြောချိန် 16 နာရီကျော်ခန့် သုံးနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းအားသွင်းရတာ မြန်ဆန်မှုရှိပါတယ်။

Design
>>>>><<<<<

၎င်းရဲ့ တည်ဆောက်ပုံဒီဇိုင်းက iPhone တို့ Samsung Galaxy S7 hybrid တို့နဲ့ တူညီပြီး အဆင့်မြင့် စမတ်ဖုန်းတစ်လုံးရဲ့ အင်္ဂါရပ်တွေနဲ့ ကိုက်ညီမှုရှိပါတယ်။ ထုတ်လုပ်ပေးထားတဲ့ အရောင်တွေကတော့ Sapphire Black ၊ Moonlight White နဲ့ Shimmer Gold ဆိုတဲ့ အရောင် 3 မျိုးပဲဖြစ်ပါတယ်။

Processor
>>>>><<<<<

၎င်းမှာ RAM 3 GB ၊ 4GB ပါရှိတဲ့ 2.0 GHz Octa-core Qualcomm Snapdragon 625 processor ကို ထောက်ပံ့ပေးထားပြီး Adreno 506 graphics card ကိုသုံးထားပါတယ်။ ဒါကြောင့် စက်စွမ်း ဆောင်ရည်က ကောင်းမွန်ပြီး multitasking တွေကိုလည်း ကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။

Display and Camera
>>>>><<<<<

5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို Super IPS+ LCD capacitive touchscreen display အမျိုးအစားနဲ့ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကိုရရှိမှာပါ။ 16 MP ရှိတဲ့ အနောက်ကင်မရာနဲ့ 8 MP ရှိတဲ့ အရှေ့ကင်မရာတို့ကို တပ်ဆင်ထားတဲ့အတွက် သူ့အတန်းအစားဖုန်း တွေထဲမှာတော့ အကောင်းဆုံးပါပဲ။

Verdict
>>>>><<<<<

Asus Zenfone 3 ရဲ့ လှပတဲ့ဒီဇိုင်း၊ စွမ်းဆောင်ရည်မြင့်မားတဲ့ ကင်မရာ၊ အရည်အသွေးမြင့် display တွေက အဓိကအားသားချက်တွေဖြစ်ပြီး လိုင်းဆွဲအားကောင်းတဲ့ ဖုန်းအမျိုးအစားတွေထဲမှာ ပါဝင်တာကို တွေ့ရပါတယ်။


Price » 399,000 Ks Contact
Phone » 01- 391789 ( Unique )

Specification
>>>>><<<<<

» Network : 2G, 3G, 4G (Dual SIM)
» Weight : 155 g
» Display : 5.5", Super IPS + capacitive touchscreen
» Dimensions : 152.6 x 77.4 x 7.7 mm
» Memory : 64GB, 4GB RAM, microSD card up to 256GB
» Camera : 16MP, Front : 8MP, dual-LED (dual tone) flash, laser/phase detection autofocus, OIS (4-axis), HDR, Geo-tagging, touch focus, face detection, panorama
» Connectivity : GPS, WLAN, Bluetooth 4.2, Type-C 1.0
» OS : Android OS 6.0.1 (Marshmallow)
» Chipset : Qualcomm MSM8953 Snapdragon 625 GPU : Adreno 506
» Protection : Corning Gorilla Glass, Asus ZenUI 3.0
» Features : Fingerprint, accelerometer, gyro, proximity, compass, SMS, MMS, Email, Push Email, HTML5  

 




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com