တယ်လီနောမြန်မာနှင့် ရိုးမဘဏ်တို့ပူးပေါင်းဝန်ဆောင်မှုပေးနေသည့် Wave Money ဝန်ဆောင်မှု အသုံးပြုသူ များအတွက် ငွေကျပ်သိန်း ၂ဝ အထိ ရရှိ နိုင်မည့် ကံစမ်းမဲအစီအစဉ်တစ်ခု စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကံစမ်းမဲအစီအစဉ်အားလာမည့် ၂ဝ၁၇ ဇန်နဝါရီလကုန်အထိ နှစ်လ ကြာပြုလုပ်မည်ဖြစ်ပြီး အပတ်စဉ်ဆုလက်ဆောင်များဖြစ်သည့် တီဗီ၊ စမတ်ဖုန်းများ၊ အဝတ်လျှော်စက်နှင့် အခြားဆုလက်ဆောင် များလည်း ပေးအပ် သွားရန် စီစဉ်ထားပါသည်။ ကျပ်သိန်း ၂ဝ တန်ဖိုးရှိ ဆုကံထူးရှင် တစ်ဦးကိုမူ ဇန်နဝါရီလအတွင်း ရွေးချယ် ပေးသွားမည်ဖြစ်ပြီး ဆုငွေအား ကံထူးရှင်၏ Wave အကောင့်တွင်းသို့ လစဉ်အရစ်ကျထည့်သွင်းပေးမည် ဖြစ်သည်။
အပတ်စဉ်ဆုရရှိသူများကိုလည်း Wave Money Facebook Account တွင် ကြေညာပေးနေပြီဖြစ်ကြောင်း သိရသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
www.pyaephyo.com