12/15/2016

♪ “ကြီးထွားလာနေသော နည်းပညာအန္တရာယ်” ♫

No automatic alt text available.

နိုင်ငံတစ်နိုင်ငံအတွက် လုံခြုံအေးချမ်းမှုရှိရန်၊ ငြိမ်းချမ်းရန် လိုအပ်ပါသည်။ အချို့သောနိုင်ငံများသည် အခြားနိုင်ငံများ၏ တိုက်ခိုက်မှုကြောင့် မအေးချမ်း ကြသလို၊ အချို့နိုင်ငံများကတော့ နိုင်ငံအတွင်းတွင် ရှိသောသူများကြောင့်ပင် အချင်းချင်းတိုက်ပွဲ များ ဖြစ်ပွားရခြင်းဖြစ်ပါသည်။ ယနေ့အချိန်တွင် အစွန်း ရောက်တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းကြောင့် အချို့သောနိုင်ငံများမှာ အခြေအနေပိုဆိုးလာခဲ့ပါသည်။ နယ်စပ်များကို ဖြတ်ကျော်ဝင်ရောက်၍ တိုက်ခိုက်ခြင်းများပြုလုပ်ကြသလို၊ အင်တာနက်စနစ် များကို ကြားခံပြု၍ နိုင်ငံတွင်းရှိသူများကို ဆွဲဆောင်သိမ်းသွင်းခြင်းလည်း ဆောင်ရွက်ကြပါသည်။ နည်းပညာစနစ်များကို အသုံး ပြု၍ သွေးထိုးလှုံဆော်မှုများ လုပ်ဆောင်လာကြ သောကြောင့် နည်းပညာအခြေပြုသည့် အန္တရာယ်များသည် နိုင်ငံအသီးသီးကို ခြိမ်းခြောက်လာနေပါသည်။ မမှန်မကန် သတင်းလွှင့်ခြင်းများကြောင့် လူများစွာ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းမှာထိခိုက်လာပါသည်။ ပြီးခဲ့သော အမေရိကန် ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း အချို့သောသူများက လူမှုကွန်ရက်စနစ်များရဲ့ စီမံခန့်ခွဲသူများကို အပြစ်ဆိုကြပါသည်။ အချို့ ရေးသားမှုများမှာ အမှားများ ဖြစ်သည်ဟုဆိုပြီး၊ ထိုစာသားများကြောင့် မဲပေးသူများရဲ့ ဆုံးဖြတ်မှုကို ပြောင်းလဲစေသည်ဟုဆိုကာ ဝေဖန်ပြောဆို ကြခြင်း ဖြစ်ပါသည်။

သက်ဆိုင်ရာလူမှုကွန်ရက်စနစ်များမှ တာဝန်ရှိသူများ သည် စာသားများ၊ ဓာတ်ပုံများကိုစောင့်ကြည့် ဟန့်တားဖြုတ်ချခြင်းကို လုပ်ဆောင်သော်လည်း အချို့သောဓာတ်ပုံများမှာ အရေးပါ သောကြောင့် ပြန်လည်ဖော်ပြပေးကြရ ပါသည်။ နည်းပညာစနစ်များပေါ်မှ သတင်းမှားများ၊ သွေးထိုးမှုများ၊ ဆိုးရွား စွာသေဆုံးမှု ဓာတ်ပုံများကို ပိုမိုတားဆီးကာကွယ်ရန် သက်ဆိုင်ရာ နည်းပညာ ကုမ္ပဏီများက ပြင်ဆင်နေကြပါသည်။နည်းပညာအန္တရာယ်များထဲတွင် သွေးထိုးလှုံဆော်မှုများသာမက ကိုယ်ရေးကိုယ်တာ အချက်အလက်များ စောင့်ကြည့် ဖောက်ထွင်း ဖျက်ဆီးခံရခြင်းလည်းပါဝင်ပါသည်။ စားပွဲတင် ကွန်ပျူတာများ၊ laptop များသည် နေ့စဉ်ဘ၀များတွင် မပါမဖြစ် အရေးပါ သော နည်းပညာပစ္စည်းများဖြစ်ပါသည်။ ထိုပစ္စည်းများထဲတွင် ထည့်သွင်း ထားသော အချက်အလက်များမှာ ပို၍ပင် များပြားပါသေးသည်။ ကိုယ်ရေး ကိုယ်တာများအပြင် လုပ်ငန်းကိစ္စဆိုင်ရာအချက်အလက်များလည်း ထည့်သွင်း ထားကြပါသည်။ နေ့စဉ်အဖော်ဖြစ်နေသည့် နည်းပညာပစ္စည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်နိုင်သော်လည်း ကိုယ်ရေးအချက် အလက်များကို ခြိမ်းခြောက်နိုင်သည့် အခြားသော အန္တရာယ်များဖြစ်သည့် ဟက်ကာများ၊ Virus နှင့် Malware များကြောင့် စီးပွားရေးနှင့် ဂုဏ်သိက္ခာ ပိုင်းတို့ ထိခိုက်နိုင်ပါသည်။ လူမှုကွန်ရက်တွင် ဓာတ်ပုံ၊ အချက်အလက်တင်သူ များသည်ပင် Account ခိုးယူ၊ နှောင့်ယှက်ခံရမှုများ ကြုံတွေ့ကြရပါသည်။ အခြားသူများ၏ ဓာတ်ပုံများဖြင့် အကောင့်တုများဖွင့်၍ အကောင့်ပိုင်ရှင်နှင့် အခြားသူများကို ထိခိုက်အောင်ပြုတတ်ကြပါသည်။ Account ခိုးယူခံရမှု၊ ကိုယ်ရေးကိုယ်တာနှင့်ဂုဏ်သိက္ခာထိခိုက်မှု အခံရဆုံး ကတော့ မိန်းကလေး များ ဖြစ်ပါသည်။

ထိုသို့အချက်အလက်တွေ ဖောက်ထွင်းသူများ၊ တခြားသူ၏ Account ကို အသုံးပြုသူများ သည် ၀ါရင့် Hacker များပဲ မဟုတ်ပါဘူး။ သိပ်မရင်းနှီးသော မိတ်ဆွေများ၊ စိတ်မချရသော ဖုန်းပြုပြင်သည့်ဆိုင်များမှသူများ၊ မိမိ မရှိချိန်
(သို့) မိမိထံမှဖုန်းကို ခဏအသုံးပြုသူများ၏ လက်ချက်လည်း အပါအ၀င်ဖြစ်ပါ သည်။ ဖုန်း (သို့) ကွန်ပျူတာများဖြင့် ငွေပေး၊ ငွေချေကိစ္စဆောင်ရွက်သည့် သူများအတွက် ဆိုလျှင် ထိခိုက်ဆုံးရှုံးမှုပိုများပါသည်။ Hacker များကလည်း နည်းပညာ စနစ်နဲ့ ငွေကြေးလည်ပတ်စီးဆင်းသည့်သူတွေနှင့် ကုမ္ပဏီများကို အဓိကပစ်မှတ်ထားပါသည်။ တိုက်ရိုက် ငွေကြေးဖောက်ထွင်း လို့မရပါက ကိုယ်ရေးကိုယ်တာအချက်အလက် (သို့) ကုမ္ပဏီအချက်အလက်များကို ဖောက်ထွင်းရယူပြီး ငွေညှစ်တတ်ကြပါ သည်။ အချို့ Hacker များကတော့ ငွေကြေးရလိုမှုကြောင့်မဟုတ်ဘဲ ပညာခန်းပြသနိုင်ဖို့၊ တစ်ဖက်သား အခက်အခဲ ဖြစ်စေဖို့ ရည်ရွယ်ပါသည်။ အထူးသဖြင့် လုပ်ငန်းကြီးများ၊ နိုင်ငံကြီးများ၏ ၀န်ကြီးဌာနများရဲ့ လူမှုကွန်ရက်စာမျက်နှာများ၊ အောင်မြင် ကျော်ကြားသူများ၏ စာမျက်နှာများကို နှောင့်ယှက် ဖျက်ဆီးဖို့ ကြံရွယ်တတ် ကြပါသည်။

အချို့ အင်တာနက်တိုက်ခိုက်ခံရမှုများသည် အချိန်ပိုင်း၊ ရက်ပိုင်း အတွင်း သာကြာမြင့်ပါသည်။ CloudHarmony မှ Jason Read က သူ့ကုမ္ပဏီသည် လည်း ပြီးခဲ့သောလက အချိန်ပိုင်းအင်တာနက် လှုပ်ရှားမှု ရပ်တန့်ခဲ့ကြောင်း ဆိုပါသည်။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း Verisign က အချိန်ပိုင်း အင်တာနက် တိုက်ခိုက်ခံရမှုများသည် ယခုနှစ်ပိုင်းတွင်အမေရိကန်၌ ပိုမို မြင့်မားလာကြောင်း မှတ်ချက်ပြုပါသည်။ Cybersecurity အဖွဲ့အစည်း Ntrepid မှ Lance Cottrell က ထိုသို့ တိုက်ခိုက်ခံရမှုများ ဖြစ်ပွားမှုတိုးလာ ခြင်း သည် အင်တာနက်နှင့် ဆက်စပ်နေသော အရာများထိခိုက်နိုင်ပြီး၊ ဟက်ကာများအတွက် လုပ်ပိုင်ခွင့်များပိုရသွားနိုင်ကြောင်းဆိုပါသည်။ လုံခြုံရေးကင်မရာနှင့်စမတ် TV များနဲ့ပတ်သက်သော အချက်အလက်များ ထိခိုက်နိုင်ပါသည်။ သုတေသန ပြုအဖွဲ့အစည်း IHS Markit ၏စာရင်းပြုစုမှု အရ မြောက်အမေရိကရှိ အိမ်များတွင် ပျမ်းမျှအားဖြင့် အင်တာနက်နဲ့ ဆက်စပ်သောပစ္စည်း ၁၃ မျိုးခန့်ရှိပါသည်။ ပြီးခဲ့သောလက အင်တာနက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွက် နောက် ကွယ်တွင် မည်သူရှိသည်ဆိုတာကို အချက်အလက်အတိအကျ မသိရသေးကြောင်း အိမ်ဖြူတော်မှ ပြောရေး ဆိုခွင့်ရှိသူ Josh Earnest ကဆိုပါသည်။

အကျိုးအမြတ်မယူသည့် ကိုယ်ရေးအချက်အလက်ကာကွယ်သော Clearinghouse အဖွဲ့ရဲ့ အစီရင်ခံစာအရ ပြီးခဲ့သော နှစ်တွင် တက္ကသိုလ် အများစု၏ အချက်အလက်များလည်း ချိုးဖောက်ခံရသည်ဟု ဆိုပါသည်။ မှတ်ချက်ပြုခံခဲ့ရသည့် တက္ကသိုလ် များကတော့ University of Maryland, North Dakota University နှင့် Butler University in Indianapolis တို့ဖြစ် ပါသည်။ ကျန်းမာရေးဆိုင်ရာကုသမှုများတွင် ဆေးမှတ်တမ်းများကို နည်းပညာစနစ်များဖြင့်ပဲ လွယ်လင့်တကူ သိမ်းဆည်းလာကြပါသည်။ အခြား တစ်နေရာသို့ ရောက်ရှိနေခိုက်ဆေးရုံ၊ ဆေးခန်းပြသရသည့် အခါမှာလည်း ဆေးမှတ်တမ်းများကို အလွယ်တကူလွှဲပြောင်း ပေးနိုင်ပါသည်။ထို့ကြောင့် ကျန်းမာရေးဆိုင်ရာအချက်အလက်များဟာလည်း စိုးရိမ်စရာပါ။ လူနာနှင့် ၀န်ထမ်းများ၏ အချက်အလက်များကို ရှာဖွေဖျက်ဆီးပါက၊ ဆေးဝါးကုသမှု ဌာနများ၏ ကွန်ပျူတာစနစ်တွေ ဖရိုဖရဲဖြစ်သွားပါက လူနာများ၏ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး၊ ကုသမှုအပိုင်း၊ ဆေးဝါးပေးမှု အပိုင်းများတွင် ထိခိုက်နိုင်ပါ သည်။ စနစ်တစ်ခုချိုးဖောက်ခံရပါက အခြား စနစ်တူအသုံးပြုသည့် နိုင်ငံများ စွာမှလူများပါ ထိခိုက်မှာဖြစ်ပါသည်။ အာမခံလုပ်ငန်းနဲ့ သက်ဆိုင်သော အဖွဲ့ အစည်းတစ်ခုဖြစ်သည့် An-them ရဲ့ စာရင်းပြုစုထားသော အစီရင်ခံစာအရ ကျန်းမာရေးဆိုင်ရာဌာနများကို Hacker များ ထိခိုက်ပါက အကြောင်း အမျိုးမျိုးနဲ့ ဆက်စပ်ပတ်သက်နေသော အသုံးပြုသူ 80 million နီးပါးရဲ့ အချက်အလက်များ ချွတ်ချော်မှာဖြစ်ပါသည်။

နောက်ဆုံးပေါ် နည်းပညာစနစ်များအသုံးပြုမည်ဆိုပါက အဆိုပါကုမ္ပဏီများမှ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများ (ဥပမာ-တည်နေရာ၊ အသုံးပြုမှု ဆိုင်ရာအခြားမှတ်တမ်းများ) ကို သဘောတူ လက်ခံမှ အဆင်ပြေ ပါလိမ့်မည်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ (ကုမ္ပဏီ နှင့် hacker) စောင့်ကြည့်မှု များ ပိုများနေသည့် အချိန်ကာလဖြစ်လာပါသည်။ သုံးစွဲသူများ အနေဖြင့် မိမိတို့၏ အချက်အလက်များကို တတ်နိုင်သမျှကာကွယ်ရမည်ဖြစ်ရာ ကာကွယ်ရေး (သို့) လုံခြုံရေးစနစ် များကိုလည်း ပစ်ပယ်၍မရပါဘူး။
“လုံခြုံရေး စနစ်များကို အမြဲအသုံးပြုနေရမှာဖြစ်ပြီး၊ မသုံးဖြစ်ခဲ့ပါက ဆုံးရှုံး နစ်နာရမယ့်တန်ဖိုးသည် ပစ္စည်းရဲ့ တန်ဖိုးထက်ပိုများ နိုင်ပါတယ်” ဟု Kaspersky မှအနာဂတ်နည်းပညာဆိုင်ရာ စီမံကိန်းဒါရိုက်တာ Andrey Nikishin ကပြောပါ သည်။ “အရာဝတ္ထုတိုင်းသည် အချိန်ခဏအတွင်းမှာပင် အကြီးစားအမှိုက်တစ်ခုဖြစ်သွားနိုင်ပါတယ်။ သူတို့တွေအကုန်လုံးက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေကြလို့ပါ” ဟု Nikishin ကပြောပါသည်။ “အကယ်၍ စနစ်ထဲမှာ အားနည်းချက်တစ်ခုရှိတယ်ဆိုရင် အဲဒီအားနည်းချက်ကနေ hacker တွေက ထိုးဖောက်ဝင်ရောက်ပြီး အကုန်လုံးကို ထိန်းချုပ်သွားနိုင်ပါ တယ်။ လုံခြုံရေးစနစ်က အပိုင်းလိုက်ခွဲပြီး တားဆီးကာကွယ်ပေးထားမယ် ဆိုရင် အပိုင်းတစ်ပိုင်းရဲ့ အားနည်းချက်ကိုသိပြီး ဖျက်ဆီးတဲ့အခါ ထိုအပိုင်း သာ ဆုံးရှုံးမှာဖြစ်ပါတယ်” ဟု Nikishin ကလုံခြုံရေးစနစ်များမှ ကာကွယ်ပေး သည့် ကိစ္စနဲ့ပတ်သက်၍ ပြောဆိုပါသည်။

Laptop, Desktop တို့တွင် တပ်ထားသော Cam များမှနေ၍လည်း ဒုစရိုက် သမားများက သုံးစွဲသူများကို ပိုမိုစောင့်ကြည့် နိုင်သောကြောင့် အချို့သူများ သည် Cam များကို လိုအပ်ချိန်သာသုံးပြီး၊ ကျန်အချိန်များတွင် ဖုံးအုပ်ထား တတ် ကြပါသည်။ မိမိ သုံးစွဲနေသော နည်းပညာပစ္စည်းအဟောင်းများကို ရောင်းချသည့် အခါတွင်လည်း အချက်အလက်များ တစ်ပါးသူ လက်ထဲမပါ သွားရန် အထူးသတိထားသင့်ပါသည်။ အချို့သောအချက် အလက်များသည် ဖျက်လိုက်သော်လည်း အမှန်တကယ်ပျက်သွား ခြင်းမရှိဘဲ Recover ကြောင့် ပြန်လည်ရယူနိုင်ပါသည်။ နည်းပညာစနစ်သုံးစွဲသူများအနေဖြင့် Hacker များနှင့် မကောင်းမှု အကြံအစည်ရှိသော သူများ၏ရန်ကို နည်းပညာစနစ်ဖြင့် တန်ပြန်ကာကွယ်ရုံသာမကဘဲ အထွေထွေဗဟုသုတ ကြွယ်ဝမှုဖြင့် လည်း တတ်နိုင်သမျှကာကွယ်ဖို့ လိုအပ်ပါသည်။

ငြိမ်းချမ်းတိုး

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com