12/14/2016

♪ Safari Browser တွင် URL များကို အပြည့်အစုံ မြင်နိုင်ရန်အတွက် ပြုလုပ်ခြင်း ♫


Safari Browser အသစ်တွေမှာ URL တွေကို အပြည့်အစုံ ဖော်ပြမပေးတော့ပါဘူး။ ကိုယ်အသုံးပြုတဲ့ ဝက်ဘ်ဆိုက်ရဲ့ domain ကိုသာ ဖော်ပြပေးပါတော့တယ်။

အကယ်၍ သင်ဟာ ဝက်ဘ်ဆိုက်မှာရှိတဲ့ အကြောင်းအရာတစ်ခုကို အခြားသူတစ်ယောက်ကို ဝေမျှချင်တယ် ဆိုရင် URL အပြည့်အစုံကို မတွေ့ရတဲ့ အတွက် အခက်အခဲရှိနိုင်ပါတယ်။ အဆိုပါ ပြဿနာကို ဖြေရှင်းဖို့ အတွက် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Safari Browser ရဲ့ Menu ကို နှိပ်ပြီး Preferences ဆိုတာကို နှိပ်ရပါမယ်။ Preferences ထဲကမှ Advanced ဆိုတဲ့ Tab ကိုရွေးပေးပါ။ ဝက်ဘ်ဆိုက်လိပ်စာတွေကို အပြည့်အစုံ ဖော်ပြပေးဖို့အတွက် Smart search Field ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပေးရပါမယ်။

ပြီးသွားရင် အဆိုပါ Preferences ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် ဝက်ဘ်ဆိုက်က Article တစ်ခုခုကို ဖတ်ရှုတဲ့အခါမှာ URL address ကို အပြည့်အစုံ ဖော်ပြပေးပါလိမ့်မယ်။


Credit to ==> Internet Journal

 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com