12/14/2016

♪ Facebook မှာ Live 360 ဗွီဒီယိုတွေ ရရှိနိုင်ပြီ ♫


ဖေ့စ်ဘုတ်ကနေတဆင့် အွန်လိုင်း ဗွီဒီယိုတွေ နဲ့ Live Streaming ကြည့်ရှုလိုသူ ပရိသတ်တွေအတွက် ၀မ်းမြောက်စရာ သတင်းတစ်ခု မျှဝေပေးချင်ပါတယ်။
.
အဲဒါကတော့ တခြား မဟုတ်ပါဘူး။ ဒီကနေ့ မှာ ဗွီဒီယို Format တစ်ခု အသစ်တစ်ခု ကို ထုတ်ပေးလိုက်ပြီး အဲဒီ Tool ကို ” Live 360 ” လို့ အမည်ပေးထားခဲ့ပါတယ်။ အဲဒီအတွက် National Geographic တို့လို Channel တွေကို ကြည့်ရှုလိုတယ် ပဲ ဖြစ်ဖြစ် ၊ မားစ်ဂြိုဟ်ပေါ်က သုတေသနလုပ်ငန်းတွေကို စပ်စုလိုသူတွေအတွက် ဖြစ်စေ အတော်ကလေးကို အဆင်ပြေသွားစေပြီး တကယ့်ပြင်ပ ကမ္ဘာမှာ ကြည့်ရှုနေရသလိုမျိုး ခံစားစေရေမယ့် အရသာကို ထိတွေ့ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။
.
ဖေ့စ်ဘုတ်ဘလော့ပို့စ်တွေ ရဲ့ သတင်းတွေအရ သိပ္ပံပညာရှင်တွေ ၊ သုတေသနသမားတွေ၊ စာရေးဆရာတွေ နဲ့ တွေးခေါ်ပညာရှင်တွေ ရဲ့ တောင်းဆိုချက်အရ အဲဒီ Tool ကို ထုတ်ပေးရတာ ဖြစ်တယ် လို့ ဆိုပြီး အဲဒီ Tool ကြောင့် သိပ္ပံပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပိုမို ဖြည့်ဆည်းပေးသွားနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။
.
နောက်ပိုင်းမှာတော့ ကြော်ငြာနယ်ပယ် ကို ထိုးဖောက်လာဖို့ ရှိနေတဲ့ Live 360 ဗွီဒီယို Tool အရ ဖေ့စ်ဘုတ် ဟာ VR နယ်ပယ် ကို ပိုမို ခြေဆန့်လာလျက်ရှိနေပေမယ့် တချို့လုပ်ဆော်ငချက်တွေကတော့ ကန့်သတ်ချက်တွေ အနည်းငယ်ရှိနေပါသေးတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ လ ပိုင်းအနည်းငယ်က ဖေ့စဘ်ုတ် ရဲ့ ပြောပြချက် အရ Facebook သုံးစွဲသူတစ်ဦးချင်း ရဲ့ Profile တွေနဲ့ Page တွေအားလုံးကို စုစည်းထည့်သွင်းပေးထားမယ့် Live API ကိုတော့ လာမည့် နှစ်တွေအတွင်း မှာ နည်းပညာလိုအပ်ချက်တွေကြောင့် ဖြစ်လာမှာ မဟုတ်သေးဘူး လို့ ဆိုပါတယ်။



Credit to ==> Digital Times




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com