12/15/2016

♪ Opera Browser for Mac တွင် built-in currency converter ပါဝင်လာ ♫


အွန်လိုင်းပေါ်မှ အရောင်းအဝယ် ပြုလုပ်ရာတွင် ရိုးရှင်းလွယ်ကူစွာ ပြုလုပ်နိုင်ရန်အတွက် Opera က ၎င်း၏ web browser တွင် ငွေလဲလှယ်မှု တွက်ချက်ဖော်ပြသည့်စနစ် (currency converter) ကို ထည့်သွင်းပေး ခဲ့သည်။

အဆိုပါ feature သစ်သည် browser ၏ User Interface options အောက်ရှိ Preferences တွင် အလိုအလျောက် ပြောင်းလဲပေးမည့် နိုင်ငံခြားငွေကြေးကို ရွေးချယ်ကာ enable လုပ်ခြင်းဖြင့် အသုံးပြုနိုင် မည် ဖြစ်သည်။ ပြောင်းလဲဖော်ပြပေးမည့် ငွေကြေးတွက်ချက်မှုကို ဥရောပဗဟိုဘဏ်မှ နေ့စဉ် ငွေကြေး လဲလှယ်နှုန်းထားကို အသုံးပြုကာ တွက်ချက်ပေးမည်ဖြစ်သည်။

၎င်းလုပ်ဆောင်ချက်ကို Opera version 42 အား update လုပ်ပြီးသည့်အခါ တွေ့မြင်ရမည်ဖြစ်သည်။ Mac အတွက် Opera browser ကို ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်မှ download ရယူနိုင်သည်။


Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com