12/15/2016

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: 1 person, phone

မေး - Vivo Y22 က Application Install လုပ်ရင် System Clean Up ဆိုပြီး ပေါ်နေတယ်။ SD Card ရော၊ Phone Storage လည်း အများကြီး ကျန်သေးတယ်။
ဖြေ - Noti Bar ဆွဲချပြီး App ဖိထား၍ App Manager ထဲရောက်သွားမည်။ Clear Data လုပ်လိုက်ပါ။ Phone Storage ကြောင့်မဟုတ်ပါဘူး။ Memory ပေါ်မှာ Coche တွေကိုရှင်းခိုင်းတာပါ။ 360 Century Software တွေ၊ တခြား Third Party Software တွေကြောင့်လည်းဖြစ်တတ်တယ်။ တချို့ဖုန်းတွေမှာ System Cleaner က System ထဲမှာ Original ပါကြပါတယ်။

မေး - Samsung Galaxy A7 SM-A9101-D Android Version 5.1.1 မြန်မာစာ၊ မြန်မာ Keyboard ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။ ဖုန်းရဲ့ Language မှာ Myanmar Zawgyi ပါရင်တော့ သုံးလို့ရတယ်။
ဖြေ - အကယ်၍ Browser မှာ မမှန်ခဲ့ရင်တော့ Root ဖောက်ပြီး မြန်မာစာသုံးရပါလိမ့်မယ်။ Font Style တွေ၊ တခြား Font တွေသုံးချင်ရင် Root ဖောက်ပြီး Myanmar စာထည့်သုံးရပါတယ်။ Language မှာ Official Zawgyi ပါလာရင်တော့ အများစုက Root မဖောက်ဘဲသုံးချင်ကြလို့ ဒီ Font Style နဲ့ပဲ မြန်မာစာသုံးကြပါတယ်။ တချို့ Samsung Phone တွေက 5.1.1 မှာ မြန်မာစာကို Root မဖောက်ဘဲ I Font နဲ့ ဒါမှမဟုတ် Flip Font နဲ့ Aungthura 2015 T5 Apk နဲ့ ချိန်းသုံးနိုင်ပါတယ်။

မေး - Redmi Note 3 က Music Apk တရုတ်စာပဲဖြစ်နေတယ်။ သီချင်းထည့်လည်း Apk ထဲ မရောက်ဘူးဖြစ်နေတယ်။
ဖြေ - Redmi Note 3 က Music apk က Original တရုတ်စာဖြစ်နေတာက China Rom ကြောင့်ပါ။ Music Apk ကိုဖွင့်လိုက်ရင် သူက Offline Music နှင့် Online Music ဆိုပြီးရှိပါတယ်။ Offline Music ထဲကိုဝင်မှ ထည့်ထားတဲ့ သီချင်းတွေကို ဖွင့်လို့ရမယ်။ မြင်ရမယ်။ တကယ်လို့ Offline Music နှင့် Online Music ဆိုပြီး မပါဘူးဆိုရင်တော့ တခြား Third Party App ထည့်သုံးရင် ရပါတယ်။ ဒါမှမဟုတ် Global Rom Firmware ရေးသည့် Eng Music App နှင့် သုံးလို့ရပါတယ်။

မေး - ဆရာရေ ကျွန်တော့်ဖုန်းက မှန်အောက်ခြေမှာ Safe Mode စာတန်း ပေါ်နေတယ်။ Apk တွေ၊ Install လုပ်မရဘူး။ ဘယ်လိုလုပ်ရမလဲ။ အကြံပေးပါဦး။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ အဲ့လို Error တက်ရင်တော့ Volume +,- Key ကို သုံးလေးချက်လောက်နှိပ်ပြီး ပါဝါပြန်နှိုးကြည့်ပါ။ မရရင်တော့ Volume Key မကောင်းတာဖြစ်တဲ့အတွက်ကြောင့် နီးစပ်ရာဆိုင်ကို သွားလိုက်ပါ။

မေး - ဆရာရေ ကျွန်တော့်ဖုန်းက SD ကတ်ထည့်လိုက်ရင် Touch ဆွဲမရဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့လို Error ဖြစ်ခဲ့ရင်တော့ SD ကတ်အသစ်ဝယ်သုံးဖို့ အကြံပေးချင်ပါတယ်။

မေး - ဆရာရေ ကျွန်တော့်ဖုန်းက ဖုန်းလက်ခံလိုက်တာနဲ့ မှန်က အလင်းမထွက်တော့ဘူး။ ဘယ်လိုလုပ်ရမလဲ။ အကြံပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ အဲ့လိုဖြစ်ခဲ့ရင်တော့ အစ်ကို့ရဲ့ဖုန်းဟာ Sensor မကောင်းတာကြောင့် နီးစပ်ရာဖုန်းဆိုင်ကိုပဲပို့ပြီး ပြင်ဆင်လိုက်ပါခင်ဗျာ။

မေး - ကျွန်တော်က Sony ဖုန်း Crazy တစ်ယောက်ပါ။ ကျွန်တော့်ရဲ့ Sony Xperia M4 က မြန်မာစာထည့်လို့ မရလို့ပါ။ ဖုန်း Service ဆိုင်က ပြောတာကတော့ Root ဖောက်ပြီးမှ ထည့်လို့ရမယ်လို့ ပြောပါတယ်။ ကျွန်တော်မေးချင်တာက Sony ဖုန်းတွေကို အခြား Huawei, Samsung တွေလို Root မဖောက်ဘဲ မြန်မာစာထည့်လို့ ရပါသလား။
ဖြေ - ဟုတ်ကဲ့။ Sony ဖုန်းတွေမှာ Official ၀င်တဲ့အလုံးနဲ့ အပြင်လုံးတွေ ရှိပါတယ်။ Official အလုံးတွေက မှတ်ပုံတင်ပြီးတရားဝင်သွင်းတဲ့အတွက် မြန်မာစာဖောင့် Original ပါပါတယ်။ ထပ်ထည့်စရာ မလိုပါဘူး။ တရားဝင်မဟုတ်တဲ့ Sony တွေကတော့ မြန်မာစာဖောင့်သုံးချင်တယ်ဆိုရင် Bootloader Unlock လုပ်၊ Root ဖောက်ပြီးမှ မြန်မာဖောင့်ထည့်ပြီးမှ သုံးလို့ရမှာပါ။

မေး - iPhone 6 တွေမှာ ဘာကြောင့် LCD ပျောက်ပြီး အသံပဲလာတယ်ဆိုတာ ပြောပြပေးပါ။
ဖြေ - iPhone 6 တွေဟာ IOS ဆော့ဖ်ဝဲတွေအသုံးများပြီး သုံးထားတဲ့ဆော့ဖ်ဝဲတွေပြန်ပြီး Clean ပြန်လုပ်ပေးရင် အဲ့ဒီလို LCD ပိတ်ပြီး အသံမလာတဲ့ Error တွေ မဖြစ်နိုင်ပါဘူး။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

 

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com