12/02/2016

♪ Nokia D1C smartphone ကို version (၂) မျိုး ထုတ်လုပ်နိုင်ဖွယ်ရှိ ♫


smartphone ကို version (၂) မျိုး ထုတ်လုပ်နိုင်ဖွယ်ရှိNokia ရဲ့ Android OS သုံး စမတ်ဖုန်းအသစ်ဖြစ်တဲ့ Nokia D1C ကို specs version (၂) မျိုး ထုတ်လုပ်နိုင်ဖွယ်ရှိ တယ်လို့ သိရပါတယ်။

Mobile ဖုန်းလောကရဲ့ နန်းကျဘုရင်တစ်ပါးဖြစ်တဲ့ Nokia ဟာ လာမယ့် နှစ်အတွင်းမှာ Android OS သုံး စမတ်ဖုန်းတွေကို ထုတ်လုပ်ပြီး စမတ်ဖုန်းဈေးကွက်အတွင်းကို တစ်ဖန်ပြန်လည်ဝင်ရောက် လာမှာ ဖြစ်တယ်လို့ အတည်ပြုပြောကြားပြီးတဲ့နောက်မှာ ပထမဦးဆုံး ထုတ်လုပ်မယ့် စမတ်ဖုန်းကတော့ Nokia D1C ဖြစ်ပါတယ်။

Nokia D1C ကို Specification နှစ်မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပြီး အနိမ့်စားနဲ့ အလတ်စား ဆိုပြီး ခွဲခြားမှာ ဖြစ်ပါတယ်။ အနိမ့်စားနဲ့ Nokia D1C ရဲ့ specs တွေကတော့ Android 7.0 ၊ 1080p(HD) resolution ထောက်ပံ့မယ့် (၅) လက်မ display ၊ Snapdragon 430 processor ၊ RAM 2GB ၊ Storage 16GB ၊13 MP rear camera နဲ့ 8 MP selfie camera တို့ဖြစ်တယ်လို့ သိရပါတယ်။

အလတ်စား Nokia D1C မှာတော့ (၅.၅)လက်မ display ၊ RAM 3GB နဲ့ rear camera 16 MP တို့က လွဲရင် ကျန်တဲ့ specs တွေက အနိမ့်စား D1C နဲ့ အတူတူပဲ လို့ သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။

ဈေးနှုန်းတွေနဲ့ ထွက်ရှိမယ့် နေ့ရက်ကိုတိတိကျကျ မသိရသေးပေမယ့် လာမယ့် (၂၀၁၇) ဖေဖော်ဝါရီလ အတွင်းမှာ ထွက်ရှိနိုင်ချေရှိတယ် လို့ ခန့်မှန်းပြောဆိုမှုတွေရှိနေပါတယ်။



Credit to ==> Digital Times 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com