12/02/2016

♪ တပ်မတော်ခန်းမ ရှိ ဒီဇင်ဘာ ၁ – ၄ ရက် ကုန်စည်ပြပွဲအတွင်း တယ်လီနော ဆင်းကတ်များကို မှတ်ပုံတင်နိုင် ♫


ရန်ကုန်မြို့ တပ်မတော်ခန်းမ မှာ ဒီဇင်ဘာလ (၁) ရက်နေ့ကနေ (၄)ရက်နေ့အထိ ကျင်းပမယ့် ကုန်စည်ပြပွဲအတွင်းက တယ်လီနောပြခန်းမှာ တယ်လီနောဆင်းကတ် မှတ်ပုံတင်ခြင်းနဲ့ အခြားဝန်ဆောင်မှုများကို ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆင်းကတ်မှတ်ပုံတင်ဖို့အတွက် နိုင်ငံသားမှတ်ပုံတင်မိတ္တူ(နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်) သို့မဟုတ် အခြား သက်သေခံ ကတ်ပြားတစ်ခုခု ယူဆောင်လာရမှာဖြစ်ပြီး ပြပွဲအတွင်း ဆင်းကတ်မှတ်ပုံတင်သူများကို လက်ဆင်ပစ္စည်းများပါ ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

တယ်လီနော ရဲ့ အွန်လိုင်းနဲ့ ကိုယ်တိုင်မှတ်ပုံတင်နိုင်တဲ့ ချန်နယ်တွေက တစ်ဆင့် သုံးစွဲသူတွေဟာ ၄င်းတို့ရဲ့ ဆင်းကတ်တွေကို အလွယ်တကူမှတ်ပုံတင်နိုင်မယ့် အပြင် လိုအပ်တဲ့ အထောက်အထားများနဲ့ verification ကုတ်နံပါတ် လက်ခံနိုင်တဲ့ အသုံးပြုဆဲ ဆင်းကတ်တို့ရှိပါက မိသားစုဝင်များ နဲ့ မိတ်ဆွေများ အတွက်ပါ ကိုယ်စား မှတ်ပုံတင် ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

image001



Credit to ==> Digital Times 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com