12/18/2016

♪ မကြာမီထွက်ရှိတော့မယ့် Mi Pad 3 ရဲ့ ဈေးနှုန်း နဲ့ Specification တွေထွက်ပေါ်လာ ♫


Xiaomi ရဲ့ Mi Pad 2 ထွက်ရှိခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်တဲ့အတွက် Mi Pad 3 ထွက်သင့်တဲ့ အချိန်ကာလ တစ်ခုကို ရောက်ရှိနေပါပြီ။ ဒီကနေ့ မှာတော့ Xiaomi ရဲ့ Mi Pad 3 နဲ့ ပတ်သတ်ပြီး တိကျတဲ့ ဈေးနှုန်း နဲ့ Specification တွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

Xiaomi အနေနဲ့ ပထမဦးဆုံး Mi Pad မှာ Android OS ကိုသာအသုံးပြုခဲ့ပေမယ့် ပြီးခဲ့တဲ့ (၂၀၁၅) နိုဝင်ဘာလက ထွက်ရှိခဲ့တဲ့ Mi Pad 2 ရဲ့ 64GB version မှာတော့ Windows 10 ကိုအသုံးပြုခဲ့ပါတယ်။

မကြာမီထပ်မံထွက်ရှိလာတော့မယ့် Mi Pad 3 မှာလည်း Windows 10 ကိုပဲ အသုံးပြုမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ ထွက်ရှိမယ်လို့ မျှော်လင့်ထားကြပါတယ်။
Mi Pad 3 ရဲ့ specs တွေကတော့
  • 7-inch 2048 x 1536 display (264PPI)
  • Intel m3-7Y30 processor with Intel graphics
  • 8GB DDR3 RAM
  • 16MP rear camera with 8MP front-facing
  • 8290mAh battery
  • USB Type-C
  • 5 x 164.5 x 6.08mm
  • Windows 10
128GB နဲ့ 256GB ဆိုပြီး Version နှစ်မျိုးနဲ့ ထွက်ရှိမှာဖြစ်ပြီး ဈေးနှုန်းတွေအနေနဲ့ကတော့ 128GB ကို (၂၈၈)ဒေါ်လာနဲ့ 256GB ကို (၃၃၁)ဒေါ်လာသာ ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် Xiaomi အနေနဲ့ Mi Pad 3 နဲ့ တွဲဖက်အသုံးပြုရမယ့် Keyboard dock ကိုလည်း (၁၅) ဒေါ်လာဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်တယ်ပါတယ်။

xiaomi-mi-pad-3-leak-keyboard-dock



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com