12/18/2016

♪ “Desktop Apps များကို Windows 10 ဖုန်းများတွင် သုံးနိုင်အောင် ဖန်တီး” ♫

Image may contain: one or more people

Microsoft က Windows 10 ဟာ Device အားလုံးမှာအသုံးပြုနိုင်မယ့် Operating System လို့ ကြေညာခဲ့ပေမယ့်လည်းသူ့ကိုစမတ်ဖုန်း ၊ တက်ဘလက် မှာထည့်သွင်းတဲ့ အခါမှာ Desktop Apps များကို အင်စတော လုပ် အသုံးပြုလို့မရခဲ့ပါဘူး။

အခုတော့ အဲဒီ ပြဿနာကို Microsoft က ဖြေရှင်းလိုက်ပါပြီ။ တရုတ် နိုင်ငံရှန်ဇန်မှာကျင်းပတဲ့ WinHECပွဲမှာ Microsoft က Qualcomm နဲ့ ပူးပေါင်း၍ မိုဘိုင်းကိရိယာများမှာ Desktop Apps များကို အသုံးပြုနိုင်အောင် ဖန်တီးမယ်လို့ ကြေညာလိုက်ပါတယ်။ ထိတွေ့အသုံးပြုနိုင် တဲ့ Windows Universal Apps များသာမက Desktop Apps များကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Office, Photoshop CC, Windows 10 Games များကို Full Version အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

ဒီလို အသုံးပြုနိုင်ဖို့ Developer များကသူတို့ရဲ့ Apps များကို ပြင်ဆင်စရာမလိုဘူး လို့ Microsoft က ပြောပါတယ်။ Microsoft နဲ့ Qualcomm တို့က Emulator များကိုအသုံးပြုတယ်ဆိုပေမယ့် သရုပ်ပြဗီဒီယိုအရ Windows 10 ဟာ ၁ နှစ် နီးပါးအိုဟောင်းနေပြီ ဖြစ်တဲ့ Qualcomm Snapdragon 820 နဲ့ 4GB RAM ထည့် ထားတဲ့ ပီစီမှာချောမွတ်စွာအလုပ်လုပ် တာကိုတွေ့ရပါတယ်။ တစ်နည်း အားဖြင့် ၂၀၁၆ ခုနှစ်ထုတ် စမတ်ဖုန်း များရဲ့ Specification များ ဖြစ်ပါတယ်။ 

HP Elite x3 လိုစမတ်ဖုန်းကိုမော်နီတာနဲ့ ချိတ်ဆက်၍ Windows 10 Desktop လိုအသုံးပြုနိုင်တဲ့ ၀င်းဒိုး စမတ်ဖုန်းကိုလည်းတီထွင်နိုင်ခဲ့ပါပြီ။ Microsoft က ARM မောင်းနှင်မယ့် Device များကိုလာမယ့်နှစ် အစောပိုင်းမှာရောင်းချပေး မယ်လို့ ပြောပါတယ်။ ကာလရှည်ကြာသတင်းထွက် နေတဲ့ Microsoft Surface Phone လည်းပေါ်ထွက်လာနိုင်ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com