12/18/2016

♪ Huawei Mate 8 ဖုန်းများအတွက် Android နောက်ဆုံးထွက် Version မြန်မာပြည်ရောက်ပြီ ♫


အားလုံးစောင့်မျှော်နေကြတဲ့ Huawei Mate 8 ဖုန်းများအတွက် Android ရဲ့နောက်ဆုံးထွက် Version Nouget 7.0 & Huawei ရဲ့ EMUI 5.0 (Beta Version) မြန်မာပြည်ကိုရောက်နေပြီလို့ သိရပါတယ်။
.
စမ်းသပ်အသုံးပြုချင်တဲ့ Huafans များနဲ့ HuaBeta Tetsers များအနေနဲ့ အမည်၊ လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊မိမိတို့ဖုန်းရဲ့IMEI နံပါတ်နှစ်ခုလုံး၊ Serial Number နဲ့ လက်ရှိအသုံးပြုနေတဲ့ Version နဲ့ Build Number တွေကိုပြည့်စုံမှန်ကန်စွာနဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့နောက်ဆုံးထားပြီး Huawei Mobile Myanmar Facebook ရဲ့ Message box ထဲကိုပို့ပြီး စာရင်းသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။
.
Beta Version ကိုစမ်းသပ်သုံးစွဲဖို့အတွက် ပထမဆုံးပေးပို့တဲ့အယောက် ၅၀ ကိုသာလက်ခံသွားမှာဖြစ်ပြီး Update Version များကို ဒီဇင်ဘာလ ၂၄ရက်နေ့မှစပြီး ၂ ပတ် ၃ပတ် အတွင်းအသုံးပြုသူများရဲ့ စမတ်ဖုန်းထဲကို အလိုအလျှေက်ပေးပို့ သွားမှာဖြစ်တယ်လို့သိရပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com