12/02/2016

♪ “Huawei Shot X” ♫


Huawei မှ ထွက်ရှိထားသော Shot X စမတ်ဖုန်းဟာ Screen size 5.2” နှင့် Resolution (1920x1080) ကို TFT Capacitive Touch Screen နဲ့တွဲဖက် အသုံးပြုပေးထားသဖြင့် အရည်အသွေးကောင်းမွန်သော ဂိမ်းတွေနှင့် ဗီဒီယို တွေကို ရုပ်ထွက်ကောင်းကောင်း၊ အရောင်ကာလာစိုစိုပြည်ပြည်နှင့် ကြည့်ရှု ခံစားနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁၆၅ ဂရမ်သာ ရှိမှာဖြစ်ပါတယ်။

Shot X စမတ်ဖုန်း၏ ထူးခြားချက်အနေဖြင့် ၁၈၀°လှည့်၍ အသုံးပြုနိုင်သော ကင်မရာကို တပ်ဆင်ပေးထား သောကြောင့် စမတ်ဖုန်းတစ်လုံးရှိရုံနှင့် ကင်မရာကောင်းကောင်း အသုံးပြုနိုင်သဖြင့် selfie ၀ါသနာပါသူများအတွက် သာမက မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် အမှတ်တရဓာတ်ပုံများကို အထိမ်းအမှတ်ပွဲများတွင် ဓာတ်ပုံရိုက်ကူးရာမှာ Professional ကျကျ အဆင့်မြင့်မြင့် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

အဓိက, ကင်မရာက 13MP ဖြစ်တာကြောင့် စိုပြည်တဲ့ အရောင်အရည်အသွေး ကို ရရှိနိုင်ပါလိမ့်မယ်။ ထို့ပြင် Finger Print ကို အများဆုံး ၅ ယောက်အထိ သုံးစွဲနိုင်မည့်အပြင် မိမိအသုံးပြုနေကျ Facebook (သို့) Viber စသော Software တစ်ခုခု၏ လုံခြုံရေးကိုလည်း Finger Print ဖြင့်ထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်။

Processor ပိုင်း တွင် CPU 1.5GHz Octa Core ကိုသုံးပေးထားသဖြင့် လုပ်ဆောင်ချက်ပိုင်းတွင် ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ Qualcomm Chipset က ဂိမ်းဆော့ကစားတဲ့ အချိန်တွေမှာ အထစ်အငေါ့မရှိစေဖို့ ကူညီ ပေးပါလိမ့်မယ်။ အချက်အလက်များ လျင်မြန်စွာ ကူးပြောင်းနိုင်ရန် RAM 2GB ကို အသုံးပြုပေးထားပါတယ်။

သိုလှောင်သိမ်းဆည်းရန်အတွက် 16GB ထည့်ပေးထားတဲ့အတွက် အချက်အလက်များစွာကို သိမ်းဆည်းထားနိုင်မည့် အပြင် ထပ်မံတိုးချဲ့လိုပါက 128GB အထိထပ်စိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Finger Print Sensor ကိုအသုံးပြု၍ ဖုန်းအ၀င်လက်ခံနိုင်ခြင်းနှင့် ဓာတ်ပုံ ရိုက်ကူးခြင်းတို့ကို တိုက်ရိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

<Specification>
Network - GSM/ HSPA/ LTE
Memory - 16 GB
CPU - Octa Core
Camera - 13MP
Screen - 5.2 inches
OS - Android OS, v5.1.1
Contact - 09-73171214
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com