12/02/2016

♪ “HTC က Desire 10 Pro နဲ့ HTC 10 evo ကိုမိတ်ဆက်” ♫


HTC က အိန္ဒိယတွင် စမတ်ဖုန်းအသစ် ၂ လုံးကိုမိတ်ဆက်လိုက်ပါတယ်။ HTC Desire 10 Pro နဲ့ HTC 10 evo တို့ဖြစ်ကြပြီး လက်ရှိမှာ HTC Desire 10 Pro ကိုသာရောင်းချပေးနေပါတယ်။ HTC Desire 10 Pro မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။

MediaTekHelio P10 Processor ထည့်သွင်း ထားပြီး စွမ်းဆောင်ရည်မြင့်မားပါတယ်။ 4GB RAM က Multitasking ပြုလုပ်ဖို့ အလွန်ကောင်းမွန်မှာဖြစ်ပါတယ်။ 64GB Internal Storage တပ်ဆင်ထားပြီး microSD Card ဖြင့် Storage ကို တိုးမြှင့်နိုင်ပါတယ်။ အနောက်ဘက်မှာ f2.2 Aperture ပါတဲ့ 20 Megapixel Camera တပ်ဆင်ထားပါတယ်။ ကင်မရာမှာ Laser Autofocus နည်း ပညာပါတဲ့အတွက် Focus ပြုလုပ်ရာမှာအလွန် လျင်မြန် ပါတယ်။

အရှေ့ဘက်မှာ f2.2 Aperture ပါတဲ့ 13 Megapixel Camera တပ်ဆင်ထားပါတယ်။ လက်ဗွေရာစစ်ဆေးတဲ့ ကိရိယာနဲ့ 3000mAh Battery ပါရှိပြီး SIM Card Slot ၂ ခုပါပါတယ်။ HTC 10 evoမှာ ၅.၅ လက်မ 1440p Display တပ်ဆင်ထားပြီး Corning Gorilla Glass 5 ဖြင့်ကာကွယ်ထား ပါတယ်။ Qualcomm Snapdragon 810 Chipset, 32GB Internal Storage ထည့်သွင်းထားပါတယ်။

OIS, PDAF နည်းပညာပါတဲ့ 16MP Rear Camera နဲ့ 8MP Front Camera တပ်ဆင်ထားပါတယ်။ IP57 စံနှုန်းရှိပြီး ရေစိုခံပါတယ်။ Fingerprint Sensor, Android 7.0 Nougat, 3200 mAh Battery တပ်ဆင် ထားပါတယ်။ Desire 10 Pro ကို ၃၈၅ ဒေါ်လာသတ်မှတ်ထားပြီး HTC 10 evo ရဲ့ ဈေးနှုန်းကိုမသိရသေးပါဘူး။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com