12/18/2016

♪ ခရစ်စမတ်ရာသီအတွက် အကောင်းဆုံး လက်တော့နဲ့ ၀င်းဒိုးတက်ဘလက်များ ♫


ခရစ်စမတ် ဈေးဝယ်ရာသီဟာ လက်တော့ အသစ်ဝယ်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ဂိမ်းကစားဖို့ပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ပဲ ဖြစ်ဖြစ် ဒီရာသီမှာ လျှော့ဈေးများ ရရှိကြမှာပါ။ ချစ်သူ ခင်သူကို လက်ဆောင်ဝယ်ပေးဖို့လည်း အချိန်ကောင်းပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ခရစ်စမတ် ဈေးဝယ်ရာသီအတွက် အကောင်းဆုံး လက်တော့နဲ့ ၀င်းဒိုးတက်ဘလက် ငါးခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Microsoft Surface Pro 4
2

Surface Pro 4 ဟာ လက်တော့ရော ၊ တက်ဘလက်ပါ လိုချင်နေသူများအတွက် အကောင်းဆုံးတစ်ခုပါ။ ဘယ်လိုအလုပ်မျိုးကို မဆို လုပ်ပေးနိုင်လောက်အောင် စွမ်းရည်မြင့်မားပါတယ်။ Surface Pro 4 မှာ ဒစ်ဂျစ်တယ် ဘောပင်နဲ့ ကာဗာ ပါရှိတာကို ၀ယ်ယူချိန်မှာ သေချာစစ်ဆေးပါ။ ကီးဘုတ်ဟာ ဖြုတ်၊ တပ်နိုင်တဲ့ အရှင်ဖြစ်တာကြောင့် လက်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်ပါတယ်။
အားသာချက်
• လက်တော့လိုရော တက်ဘလက်လိုပါသုံးနိုင်ခြင်း
• အကောင်းဆုံး ကီးဘုတ် ကာဗာများထဲမှ တစ်ခု ဖြစ်ခြင်း
• ဒစ်ဂျစ်တယ် ဘောပင်ဖြင့် ပုံဆွဲရာမှာ အလွန်ကောင်းမွန်ခြင်း
အားနည်းချက်
• ကီးဘုတ် ကာဗာကို သီးခြား ၀ယ်ရခြင်း
• ဘက်ထရီ သက်တမ်းဟာ iPad လောက် အသုံးမခံခြင်း

၂။ Asus ZenBook Flip UX360

3
သူကလည်း နှစ်မျိုးသုံး လက်တော့ ဖြစ်ပါတယ်။ တည်ဆောက်မှု အရည်အသွေးအပိုင်းမှာတော့ ကျစ်လစ်မာကျောမှု မရှိခြင်းနဲ့ Surface Pro 4 လို မလှပခြင်း စတဲ့ အားနည်းချက်များ ရှိနေပါတယ်။ အခြား အပိုင်းများမှာတော့ စိတ်ကျေနပ်စရာ ကောင်းပါတယ်။ ၁၃ လက်မထိတွေ့မျက်နှာပြင်ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်ပါတယ်။ Ports များစွာ ပါပြီး အမေဇုန်မှာ ၄၉၉ ဒေါ်လာဖြင့် ရောင်းချနေပါတယ်။
အားသာချက်
• တန်ဖိုး သက်သာခြင်း
• ဘက်ထရီ သက်တမ်း ကောင်းမွန်ခြင်း
• အရွယ်အစားကျစ်လစ်သေးသွယ်ခြင်း
အားနည်းချက်
• မျက်နှာပြင် အလင်းတောက်ပမှု များခြင်း
• မာကျောမှု မရှိခြင်း

၃။ Samsung Galaxy TabPro S

4

ရုပ်ရှင်နဲ့ ဗီဒီယိုများ နှစ်သက်သူများအတွက် Samsung Galaxy TabPro S က ရွေးချယ်စရာပါ။ သူဟာ ဒီနှစ်ရဲ့ အကောင်းဆုံး ၀င်းဒိုး တက်ဘလက်တစ်ခုလည်း ဖြစ်ပါတယ်။ 2K Touchscreen ပါရှိပြီး ဘက်ထရီ သက်တမ်း ကောင်းမွန်တဲ့အတွက် ခရီးသွားသူများအတွက် အဆင်ပြေပါတယ်။ အလုပ်လုပ်ဖို့ သင့်တော်တဲ့ စွမ်းရည်မြင့် တက်ဘလက်တစ်ခုတော့ မဟုတ်ပါဘူး။
အားသာချက်
• အလွန် ပေါ့ပါး ပါးလွှာခြင်း
• Super AMOLED Display တပ်ဆင်ထားခြင်း
• ဘက်ထရီ သက်တမ်း ကောင်းမွန်ခြင်း
အားနည်းချက်
• ကီးဘုတ်ကာဗာက အရည်အသွေး မကောင်းခြင်း

၎။ HP Chromebook 14

5

ဈေးအသက်သာဆုံး လက်တော့ကို လိုချင်ရင်တော့ HP Chromebook 14 ကို ၀ယ်ပါ။ သာမာန် ကွန်ပြူတာ သုံးသူများအတွက် သူက ကောင်းမွန်ပါတယ်။ သူဟာ တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် လက်တော့ ဖြစ်ပြီး အင်တာနက် ၀က်ဆိုက်များ ကြည့်ခြင်း၊ စာရွက်စာတမ်းများ ဖန်တီးခြင်းတို့လို အခြေခံ အလုပ်များကို လုပ်နိုင်ပါတယ်။ ဈေးအသက်သာဆုံး လက်တော့ ဖြစ်ပါတယ်။

အားသာချက်
• သယ်ယူရလွယ်ကူခြင်း
• ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင် ပါခြင်း
အားနည်းချက်
• အခြားလက်တော့များထက် နှေးကွေးခြင်း
• ဘက်ထရီ သက်တမ်း မကောင်းခြင်း

၅။ Dell XPS 13
6

ငွေကြေး ပေါများတဲ့ လူတွေအတွက် Dell XPS 13 က ရွေးချယ်စရာ တစ်ခု ဖြစ်ပါတယ်။ အကောင်းဆုံး ၀င်းဒိုး လက်တော့များထဲမှ တစ်ခု ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ ဘေးဘောင်များက ပါးလွှာတဲ့အတွက် ကြည့်ကောင်းပါတယ်။ နောက်ဆုံးပေါ် စွမ်းရည်မြင့် Hardware များကို တပ်ဆင်ထားပါ တယ်။ နှင်းဆီရွှေရောင်ကိုတောင် ထုတ်လုပ်ပေးထားပါတယ်။

အးသာချက်
• ဘေးဘောင်မဲ့ ဒီဇိုင်းကြောင့် လှပခြင်း
• စွမ်းရည်မြင့်မားခြင်း
• ပေါ့ပါးခြင်း
အားနည်းချက်
• Webcam မပါခြင်း



Credit to ==> Digital Times




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com