12/15/2016

♪ " Gionee M6 VS Huawei G9 Plus " ♫

Image may contain: phone

ဒီတစ်ပတ်အတွက် Gionee M6 နဲ့ Huawei G9 Plus ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ထည့်သွင်းပေးထားတဲ့ Hardware ပိုင်းနဲ့ Software ပိုင်းတွေက သိသိသာသာကြီး ကွာခြားနေတာမျိုး သိပ်မတွေ့ရဘဲ တော်တော်လေးကို တူညီနေပါတယ်။ ဒီဇိုင်းပုံစံ ဘောင်အကျဉ်းအကျယ်ကလည်း ဆင်တူနီးပါး တည်ဆောက်ပေးထားပြီး အရှေ့မျက်နှာပြင်မှာ ကင်မရာနဲ့ စပီကာ တည်နေရာလေးတွေသာ ကွာခြားသွားတာ ဖြစ်ပါတယ်။ Gionee M6 ကို ဇူလိုင်လမှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး Huawei G9 Plus ကိုတော့ သြဂုတ်လကမှ တရားဝင်မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖုန်းအထူနဲ့ အလေးချိန်ကို ယှဉ်ကြည့်မယ်ဆိုရင် Huawei G9 Plus က အနည်းငယ် ပိုပါးပြီး ပိုမိုပေါ့ပါးတာကို တွေ့ရပါတယ်။ ဖုန်း ၂ ခုစလုံးမှာတော့ GSM, HSPA နဲ့ LTE Networks တွေကို ထောက်ပံ့ပေးထားတဲ့အပြင် Dual SIM စနစ်ချင်းကလည်း အတူတူပဲ ဖြစ်ပါတယ်။ Gionee M6 မှာ Micro SIM card အမျိုးအစားကို ထည့်သွင်းသုံးနိုင်ပြီး Huawei G9 Plus မှာတော့ Nano SIM card ကို ထည့်သုံးရမှာပဲ ဖြစ်ပါတယ်။ ကင်မရာစွမ်းရည်ပိုင်းမှာတော့ Huawei G9 Plus က အနည်းငယ် ပိုမိုကောင်းမွန်ပါတယ်။

* Design *

1. Gionee M6
Gionee M6 ရဲ့ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ပေးထားတာကြောင့် အလေးချိန် ပိုစီးပြီး အရွယ်အစားက 152.3 x 75.3 x 8.2 mm ရှိပါတယ်။ ၄င်းတည်ဆောက်ပုံ ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်တဲ့ Champagne နဲ့ Gold အရောင် ၂ မျိုးကိုသာ ထုတ်လုပ်ထားပါတယ်။

2. Huawei G9 Plus
Huawei G9 Plus ရဲ့ ကိုယ်ထည်တစ်ခုလုံးကိုလည်း သတ္တုနဲ့ ပြုလုပ်ပေးထားပေမယ့် M6 ထက် အလေးချိန် 20g လောက် ပိုမိုပေါ့ပါးပါတယ်။ အရွယ်အစားကတော့ 151.8 x 75.7 x 7.3 mm ရှိပြီး အရောင် ၄ မျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

* Processor *

1. Gionee M6
M6 ဖုန်းတစ်ခုရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ processor ကို အရည်အသွေး ပြည့်ဝတဲ့ OC (4 x 1.8GHz Cortex - A53 & 4 x 1.0GHz Cortex-A53 ထည့်သွင်းထားပြီး Mali-T860MP2 GPU ကို ထောက်ပံ့ပေးထားပါတယ်။

2. Huawei G9 Plus
၎င်းမှာ Qualcomm MSM8953 Snapdragon 625 chipset နဲ့ Octa-core 2.0GHz Cortex - A53 processor တို့ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်တွေကို ရရှိနိုင်ပြီး Adreno 506 GPU ရဲ့ ပံ့ပိုးမှုတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

* Display *

1. Gionee M6
မျက်နှာပြင်က ၅ လက်မခွဲ အကျယ်ရှိပြီး AMOLED Capacitive touchscreen display ကို သုံးထားပါတယ်။ 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းတွေကို ပြသနိုင်ပြီး မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပါသေးတယ်။

2. Huawei G9 Plus
G9 Plus မျက်နှာပြင်အကျယ်ကလည်း M6 နဲ့ တူညီပြီး ၄င်းမှာတော့ IPS LCD capacitive touchscreen ကို သုံးထားပါတယ်။ ပေးစွမ်းနိုင်တဲ့ မြင်ကွင်းစွမ်းအားချင်း တူညီတဲ့အပြင် multitouch စနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

* Verdict *

1. Gionee M6
Gionee M6 ဟာ စွမ်းအားပြည့်ဝတဲ့ ဘက်ထရီစွမ်းအားနဲ့ လျင်မြန်စွာ အားပြန်သွင်းနိုင်တဲ့ စနစ်ပါရှိတဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီး လုပ်ဆောင်နိုင်စွမ်းရည်ကလည်း အထူးမြင့်မားမှု ရှိပါတယ်။ ဒါ့အပြင် လုံခြုံစိတ်ချရတဲ့ fingerprint sensor ကိုလည်း လက်တွေ့ကျကျ သုံးစွဲခွင့်တွေ ရရှိနိုင်မှာပါ။

2. Huawei G9 Plus
Huawei G9 Plus ကတော့ ကင်မရာစွမ်းအား ပိုမိုမြင့်မားပြီး ဘက်ထရီစွမ်းအားက M6 လောက် မကောင်းပေမယ့် လုံလောက်တဲ့စွမ်းအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ အလေးချိန်နဲ့အရွယ်အစားက ပိုမိုပါးလွှာ ပေါ့ပါးတာကြောင့် ကိုင်တွယ်သုံးစွဲရတာလည်း ပိုမိုအဆင်ပြေနိုင်ပါတယ်။

 

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com