12/15/2016

♪ Facebook Messenger မှာ Secret Messages များ ပေးပို့နည်း ♫


Facebook က Messenger မှာ Encrypted Messages များ ပေးပို့နိုင်အောင် ပြုလုပ်ပေးလိုက်ပါပြီ။ Encrypted Message များဟာ လုံခြုံစိတ်ချရပြီး ပေးပို့သူနဲ့ လက်ခံရရှိသူ ၂ ဦးသာ တွေ့မြင်နိုင်ပါတယ်။ Facebook ကိုယ်တိုင်တောင် သင့်ရဲ့ Secret Message ကို ခိုးယူလို့ မရပါဘူး။ တစ်ဖက်လူက လက်ခံရရှိတာနဲ့ Secret Message များကို အလိုအလျှောက် ဖျက်ဆီးပေးတဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ ဒီ Tutorial မှာ Secret Message များ ပေးပို့နည်းကို ဖော်ပြပေးလိုက်ပါတယ်။

Secret Message စွမ်းဆောင်ချက်ကို Messenger နောက်ဆုံးဗားရှင်းမှာသာ အသုံးပြုနိုင်ပါတယ်။ ပေးပို့သူနဲ့ လက်ခံရယူသူ ၂ ဦးစလုံးမှာ နောက်ဆုံးဗားရှင်းကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ဒီ Tutorial မှာ Android Device များအတွက် အသုံးပြုနည်းကို ဖော်ပြမှာ ဖြစ်ပေမယ့် iOS Device များမှာလည်း ပြုလုပ်နည်း အနည်းငယ်သာကွာခြားမှာပါ။
Facebook Messenger မှာ သူငယ်ချင်းတစ်ယောက်ကို ရွေးချယ်ပါ။ အပေါ်ညာဘက်ထောင့်စွန်းမှ ခလုတ်ကို နှိပ်ပါ။

Secret Conversation ကို နှိပ်ပါ။
1

နောက်အဆင့်မှာ Turn On ကို နှိပ်ပါ။
ဒါဆိုရင် အဲဒီ သူငယ်ချင်းနဲ့ သင်နဲ့ ပြောတဲ့ စကားတွေကို အစိုးရ အာဏာပိုင်တွေ၊ ISP တွေ၊ ဟက်ကာတွေက ဖောက်ထွင်းခိုးယူလို့ မရတော့ပါဘူး။ ညာဘက်ထောင့်မှ နာရီကို နှိပ်ပါ။

2

သင်ပေးပို့လိုက်တဲ့ စာတွေကို တစ်ဖက်လူ ဖတ်ပြီးတာနဲ့ အလိုအလျှောက် ဖျက်ဆီးရမယ့် အချိန်ကို သတ်မှတ်နိုင်ပါတယ်။ ၅ စက္ကန့်ကနေ ၁ ရက်အထိ ရွေးချယ်နိုင်ပါတယ်။ စာတွေကို မဖျက်ဆီးစေချင်ရင်လည်း Off ကို သတ်မှတ်နိုင်ပါတယ်။

3



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com