Facebook က ကုမ္ပဏီများအတွက် ဖန်တီးပေးထားတဲ့ Workplace ၀န်ဆောင်မှုအတွက်
စွမ်းဆောင်ချက် အသစ်များကို ဖြန့်ချီပေးလိုက်ပါတယ်။ Facebook Workplace ဟာ
ကုမ္ပဏီ၊ အဖွဲ့အစည်း တစ်ခုမှ လူများ ဆက်သွယ်ပြောဆိုခြင်း၊ အလုပ်အတူတကွ
လုပ်ဆောင်ခြင်းများကို ပြုလုပ်နိုင်တဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။
.
Facebook က Workplace ၀န်ဆောင်မှုမှာ Third-Party Apps များနဲ့ တွဲဖက် အလုပ်လုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ စွမ်းဆောင်ချက် အသစ်ကို Custom Integrations လို့ အမည်ပေးထားပြီး Workplace App နဲ့ အခြား Apps များကို တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Email , Calendars App များက Workplace App နဲ့ အတူတကွ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ Workplace ရဲ့ ဒါရိုက်တာ ဖြစ်သူ Julien Codorniou က Custom Integrations စွမ်းဆောင်ချက်ဟာ ဖိုင်များ မျှဝေဖို့အတွက် Box နဲ့ အီးမေးအတွက် Gmail တို့လို ကုမ္ပဏီကြီးများရဲ့ Apps များနဲ့ တွဲဖက် အလုပ်လုပ်နိုင်တယ်လို့ ပြောပါတယ်။
.
Facebook Workplace ဟာ ကာလရှည်ကြာ ကတည်းက နာမည်ကြီးခဲ့တဲ့ Slack ရဲ့ App ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ Slack ဟာ သူ့ရဲ့ App နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ ကိုယ်ပိုင် App Store ကို ပံ့ပိုးပေးထားပါတယ်။ ခလုတ် အနည်းငယ် နှိပ်ရုံနဲ့ Slack ရဲ့ တွဲဖက် Apps များနဲ့ Bots များကို အင်စတောလုပ်နိုင်ပါတယ်။ နှိုင်းယှဉ်ရရင်တော့ Facebook Workplace ဟာ အိုင်တီကျွမ်းကျင်သူများအတွက် ဖန်တီးထားတာ ဖြစ်ပြီး သာမာန် Users များ လွယ်ကူစွာ သုံးနိုင်အောင် ကိုယ်ပိုင် App Store ပံ့ပိုးပေးထားခြင်း မရှိသေးပါဘူး။

www.pyaephyo.com